ခွေးလေခွေးလွင့် အကောင် ၄၀၀ ကျော်အား ပြုစုစောင့် ရှောက်နေသူ၊ ကျေးဇူးကန်းသူ ၁ ဦးကသတ်လို့ ဆုံးသွားရရှာတဲ့ ဦးကြည်မိုးချစ်၏ နာရေး ပုံရိပ်များ

ဦးကြည်မိုးချစ်
ခွေးလေခွေးလွင့်အကောင် ၄၀၀ ကျော်အား ပြုစုစောင့် ရှောက်နေပြီး “ဖြူစင်သောအလှူ” ပရဟိတအဖွဲ့ဦးဆောင်သူ ဦးကြည်မိုးချစ်၏ နာရေး။ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ပါသည်။

မော်လမြိုင်မြို့နေ ခွေးဂေဟာတည်ထောင်သူ ဆရာဦးကြည်မိုးချစ် အား မုဒုံ တာပသွန်ခြံမှာ သတ်ခဲ့တဲ့ တရားခံမိပြီး

တရားခံက ဆရာဖေကြည်ရဲ့ခွေးဂေဟာခြံမှာ ခန့်ထားတဲ့ စိုးမင်းအောင် (၃၅)နှစ် (ဘ)ဦးစိုးသိန်း ခြံလုပ်သား တာပသွန်ကျေးရွာ မုဒုံမြို့နေသူ ခြံဝန်ထမ်းလို့သိရပါတယ်။

၎င်းသည် ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေ (၅)နာရီခန့်က အပြင်မှာ အရက်သောက်ပြီး ခြံထဲသို့ ပြန်လာကြောင်း အရက်မူးပြီး ၄င်း၏ ဇနီးနှင့်စကားများရာ ဇနီးမှာ ခြံစောင့်နေအိမ်မှ ဆင်းသွားကြောင်းထိုစဉ် အသတ်ခံရသူ ဦးကြည်မိုးချစ် ရောက်လာပြီး ခွေးစာကျွေးရန် ခေါ်သည်ကို မသွားပဲ ”

ခင်ဗျားက ဘာလူပါးဝတာလဲ ပိုက်ဆံပေးပြီးခိုင်းတာဆိုပြီး လူပါးဝတာ လားဟု ပြောဆို၍ ဦးကြည်မိုးချစ်အား လုံးထွေးသတ် ပုတ်ကြောင်း၊ ဇနီးဖြစ်သူမှ ကျေးဇူးရှင် အလုပ်ရှင်ကို မလုပ်သင့်ကြောင်း ဆက်လုပ်ပါက သူ့ကိုယ်သူ သတ်သေပစ်မည်ဟု ပြောသဖြင့် ရပ်တန့်ခဲ့ကြောင်း

ဦးကြည်မိုးချစ်မှ အပြင်လိုက်ခဲ့ရန်ခေါ်ပြီး ထွက်သွားသည်ကို ၄င်းမှအနီးရှိ ထောင်ထားသော ရဲဒင်းအား ယူပြီး လိုက်သွားကာ ခြံဝလမ်းမပေါ် ထပ်မံစကားများရာမှ ထပ်မံရန်ဖြစ်ပြီး ရဲဒင်းနှင့် ခုတ်သတ်လိုက်ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ကနဦးသတင်းရပါသည်။

Zin Moe

Loading...

Facebook Comments