ကျနော်တို့ အား လုံး မိဘ က ကျွေးေ မွး ခဲ့ လို့ လူဖြစ်ကြ ရလာတာ ချ ည်း ပါ

ဒါပေမယ့် မိဘတိုင်းကတော့ ပြီးပြည့်စုံတယ်ဆိုရယ်လို့မရှိပါဘူး။ ပြဿနာ တစ်ခုမဟုတ် တစ်ခု ရှိတတ်ကြလိမ့်မယ်။ ဒါက သားသမီးတော်တော်များများ မိဘအပေါ်မရိုသေဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာတတ်တယ်။

အချို့မိဘက ဒေါသကြီးတယ်။ အချို့က မျက်နှာအရေထူတယ်။ အချို့မိဘက ဆင်းရဲမယ်။ အချို့က ခေတ်နောက်ကျမယ်။ အချို့မိဘက တစ်ချိန်က အခက်အခဲတစ်ခုခုကြောင့် သားသမီးကို ပစ်ခဲ့တာရှိမယ်။ အချို့က ကျန်းမာရေးချို့တဲ့တာရှိမယ်။ အချို့မိဘက အသက်ကြီးလာတော့ ကုတင်ပေါ် ဆီးမထိန်းနိုင် ဝမ်းမထိန်းနိုင်ဖြစ်တာကြောင့် နံမယ်၊ ညစ်ပတ်မယ်၊ ဒေါသတွေကြီးလာကြမယ်… စသည်ဖြင့်ပေါ့။

မိဘဆိုတာ ကျနော်တို့ အတွက် ကုသိုလ်ယူဖို့ တရားယူဖို့ သဘာဝက ပေးထားတဲ့လက်ဆောင်မွန်တစ်ခုဆိုလည်းမမှားပါဘူး။ ကျနော်တို့ရဲ့ချစ်ခြင်းဆိုတာ ငယ်ငယ်လေးကတည်းက မိဘတွေသင်ပေးခဲ့တာမဟုတ်လား။ အဲဒါကြောင့် အဲဒီ ချစ်ခြင်းနဲ့ မိဘတွေကို ပြန်ချစ်တတ်ရမယ်၊ ရိုသေရမယ်၊ လေးစားရမယ်။

ရိုသေမှုဆိုတာ ဘာလဲ…..

” ငါရတဲ့လခ အကုန် အိမ် ပြန်အပ်တာ”

” ငါ့မိဘကို အမြဲစားကောင်းသောက်ဖွယ်တွေဝယ်ကျွေးတယ်”

” ငါ့မိဘ ဘာလိုချင်လဲ .. ငါအကုန်ဖြည့်ဆည်းပေးတယ်” လို့ အချို့လူတွေ ကိုယ့်မိဘကို ဘယ်လောက်ရိုသေသလဲပြောတာ ကိုယ့်ပတ်ဝန်းကျင်မှာကြားဖူးလိမ့်မယ်…။

ပညာရှိကွန်ဖြူးရှပ်ကို သူ့တပည့်တစ်ယောက်ကမေးတယ်..။

မိဘတွေအပေါ် အခက်ဆုံးရိုသေမှုက ဘာလဲတဲ့…။

ကွန်ဖြူးရှပ်ကဖြေတယ်… “မျက်နှာဘေး(ပေး)” တဲ့။

ဟုတ်ပါတယ်.. မိဘတွေလိုချင်တာ သင့်ဆီက ထမင်းတစ်ထုပ်မဟုတ်ပါဘူး။ ဆီပြန်ခေါက်ဆွဲကြော်မဟုတ်ပါဘူး။ အက်ႌ တစ္ထည္မဟုတ္ပါဘူး။ သင့် တစ်လစာ လခ,မဟုတ်ပါဘူး။ သူတို့အလိုချင်ဆုံးက ကိုယ့်သားသမီး သူတို့အပေါ်ထားတဲ့ မျက်နှာဘေး(ပေး)ပါ။ ပြင်ရအခက်ဆုံးရိုသေမှုကလည်း အဲဒါဖြစ်နေပြန်တယ်။

ငယ်ငယ်က မိဘတွေကို ကျနော်တို့အများဆုံးမေးခဲ့တဲ့မေးခွန်းတွေရှိတယ်။

” အမေ..အဲဒါဘာလဲ….”

” အဖေ.. အဲဒါ ဘာဖြစ်လို့လဲ….”

“ဒါ ဘာဖြစ်လို့ ဒီလိုဖြစ်တာလဲ..”

” အဲဒါ ဘာ့ကြောင့်လဲဟင်..ဖေကြီး” ….

ကျနော်တို့ ထုတ်ခဲ့တဲ့မေးခွန်းတိုင်းသူတို့ ” ဘာဖြစ်လို့လဲဆိုတော့ …….”ဆိုပြီး ပြန်ဖြေပေးခဲ့ကြပါတယ်…။

အခုခေတ် နည်းပညာမြင့်လာတော့ ဖုန်းမကိုင်တတ်တဲ့ အဖေ.. အမေတို့ ဖုန်း တစ်ခုခုဖြစ်တဲ့အခါ..

“သား.. ဒါဘယ်လို လုပ်ရမလဲ… အမေမလုပ်တတ်လို့..”

” ဓာတ်ပုံတွေရိုက်ရိုက်ပြီး အွန်လိုင်းပေါ် တင်တင်လိုက်တာ ဘာလုပ်တာလဲ”

” ဘာဖြစ်လို့ ဖုန်းပဲတစ်ချိန်လုံးကြည့်နေတာလဲ… ဘာစိတ်ဝင်စားစရာရှိလို့လဲ…”

“သမီး…အမေဒါကြီးနှိပ်လိုက်တာ ဒါကြီးပေါ်လာတယ် ဘယ်လိုလုပ်ရမလဲ..” မေးလျှင် သင်ဦးဆုံးဘာလုပ်ပါသလဲ…။

မျက်နှာဘေး အရင်ပြောင်းသွားသလား..။ အရင်ဆုံးပြန်ဖြေသလား… .. ငယ်ငယ်တုန်းက သင့်မေးခွန်းကိုပြန်ဖြေပေးခဲ့တဲ့သင့်မိဘလို ချစ်စရာအမူအရာလေးနဲ့ပေါ့…။

မိဘဖြစ်တဲ့သူက မိမိရင်သွေးကို လူ့ဘဝထဲခေါ်ဆောင်လာခဲ့ပြီးပြီဆိုရင်.. မိမိရင်သွေးဘာပုံဖြစ်နေပါစေ.. ချစ်ခြင်းမေတ္တာအပြည့်နဲ့ချစ်ခဲ့တယ်… ယုယခဲ့တယ်… ကျွေးမွေးတယ်.. လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်တယ်… အန္တရာယ်တွေကြားထဲက မိမိ ဘေးမဖြစ်အောင် တားဆီးပေးတယ်…

ဒါဆို ကိုယ့်မိဘကိုတောင် ပြန်တွက်ကပ်တတ်တယ်၊ မရိုသေတတ်ဘူးဆိုရင် ဘယ်လိုအလုပ်ကြီးအကိုင်ကြီး လုပ်နိုင်မှာလဲ…။ ဘယ်မှာချမ်းသာမှာလဲ…။ မိမိကလေးပြန်ကြီးလာရင်ကော မိမိကို ဘယ်လိုရိုသေမှာလဲ….။

ဒါ့ကြောင့် ရှေး၂တုန်းက နန်းတွင်းမှာ အမတ်ခန့်ရင် မိဘပေါ်ရိုသေတဲ့သူကိုဦးစားပေးခန့်တတ်တာပဲ…။
ဒါဆို မိမိလက်တွဲဖော်ရွေးတဲ့အခါမှာကော…..။
ကိုယ့်မိဘ အပေါ်ရိုသေနိုင်တဲ့သူကို

ပထမဦးဆုံးထည့်စဉ်းစားပေးရမှာအရေးကြီးဆုံးမဟုတ်လား။
မိမိယောက်ျားက ကိုယ့်မိဘအပေါ်တာဝန်ယူနိုင်ရဲရမယ်။

မိမိဇနီးက ကိုယ့်မိဘအပေါ် နွေးထွေးပျုငှာနိုင်ရမယ်။

နှစ်ဦးနှစ်ဖက်မိဘအချင်းချင်းပေါ် ရိုသေတတ်ရမယ်။

ဒီလိုမှ သူ/သူမက လူကြီးသူမအပေါ်ထည့်မစဉ်းစားတတ်ရင် တစ်ချိန်သင့်အပေါ် နားလည်စဉ်းစားပေးဖို့..သင့်လိုအပ်ချက်ဖြည့်ပေးဖို့ဆိုတာ တော်တော်ကြီးယုံရခက်လိမ့်မယ်…။

မည်သူတစ်ဦးတစ်ယောက်မှရဲ့ ဘဝဟာ ဖြောင်းတန်းနေတယ်ရယ်လို့မရှိပါဘူး…။ အခက်အခဲတွေကြုံတွေ့ဖူးမယ်.. . စိတ်ညစ်စရာတွေကြုံမယ်… ဒါတွေကိုဖြတ်ကျော်နိုင်ခြင်းဟာလည်း ပညာတစ်ပါးပါ။

ဘဝဆိုတာ ကျနော်တို့ရဲ့ဆရာတစ်ဦး…။

လူရယ်လို့ဖြစ်လာတာနဲ့ မိမိပတ်ဝန်းကျင်က မိမိနဲ့ထိတွေ့ဆက်ဆံတဲ့သူတွေအားလုံးဟာ အတိတ်က ရေစက်ပါလာတာကြောင့်..။

ဒါဆို မိမိရဲ့ မိဘက မိမိဘဝထဲမှာ ရေစက်အကြီးမားဆုံးလူနှစ်ဦးပေါ့…။

သူတို့ကို ဂရုစိုက်ပါ၊ ကြင်နာပါ၊ အဖော်ပြုပါ၊ မျက်နှာဘေးကို ဂရုစိုက်ပါ…… နောက်တစ်ခုက သူတို့မသိတာရှိလို့မေးရင်ပြန်လည်ဖြေပေးပါ…

လူ့ဘဝရဲ့စက္ကန့်တိုင်းမိနစ်တိုင်းက တန်ဖိုးရှိလှပါတယ်..ရွှေတွေ ငွေတွေမပါတဲ့ ချမ်းသာသုခ အစစ်နဲ့ပဲဖြည့်ဆည်းပေးပါ…။

Credit: Original Writer

Loading...

Facebook Comments