ပရိသတ်တွေအတွက် အထူးအစီအစဉ်တစ်ခု ဖန်တီးပေးလိုက်တဲ့ သတ်ကွင်

မနက်ဖြန်စတင်ရှုစားသွားရတော့မယ့် အမိုက်စား မြန်မာရုပ်ရှင်ဇာတ်ကားကြီး သတ်ကွင်းကတော့ သူတို့ရဲ့ ပရိသတ်တွေအတွက် အထူးအစီအစဉ်တစ်ခုကို ရုံမတင်ခင် တစ်ရက်အလိုမှာပဲ ဖန်တီးပေးလိုက်ပြီဖြစ်ပါတယ်။ ဘယ်လို စိတ်ဝင်စားစရာ အစီအစဉ်လဲဆိုတော့…

ဒီအစီအစဉ်ကတော့ သတ်ကွင်းဇာတ်ကားရဲ့ ဇာတ်ဝင်တေးသီချင်းကို Cover Song ပြန်လည်သီဆိုပြီး ယှဉ်ပြိုင်ရမယ့် ထူးထူးခြားခြား အစီအစဉ်လေးတစ်ခုပါ။ လူကြိုက်များလှတဲ့ အဆိုတော်ဖော်ကာ(Wanted) သီဆိုထားတဲ့ သတ်ကွင်းရဲ့ ဇာတ်ဝင်သီချင်း ဒုက္ခကပေးတဲ့သင်ခန်းစာသီချင်းကို ကိုယ်ကြိုက်နှစ်သက်တဲ့ Version မျိုးနဲ့မဆို ပြန်လည်သီဆိုပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်က အဆိုဝါသနာပါတယ် အသံလည်းကောင်းတယ်ဆိုရင်တော့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ရရှိမယ့်ဆုတွေက မက်လောက်စရာကောင်းနေလို့ပါပဲ။

ပါဝင်ယှဉ်ပြိုင်ထားသူများထဲမှ လူကြိုက်များပြီး အကောင်းဆုံး Cover Song သီဆိုယှဉ်ပြိုင်နိုင်သူ၅ယောက်ကို သတ်ကွင်းအဖွဲ့သားများနှင့်အတူ ရင်းရင်းနှီးနှီး ညစာအတူ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရွေးချယ်ခံထားရတဲ့ ၅ယောက်ထဲကမှ တေးသံရှင်ဖော်ကာ စိတ်တိုင်းအကျဆုံးသူတစ်ယောက်ကို ထပ်မံရွေးချယ်ပြီး သတ်ကွင်းရဲ့ အမှတ်တရ အထူးဆုလက်ဆောင် “ Hollow Guitar” ဂီတာတစ်လုံးကိုပါ ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကာလကတော့ ဒီနေ့ ဒီဇင်ဘာ ၁၃ရက်နေ့က လာမယ့် ၂၀ရက်အထိ တစ်ပတ်တာအတွင်းပဲဆိုတော့ အမြန်ဆုံး ပါဝင်ယှဉ်ပြိုင်လိုက်ပါနော်။ ဆုရရှိသူများကိုတော့ ဒီဇင်ဘာ ၂၂ရက်နေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။

ဒါရိုက်တာသားညီ ရိုက်ကူးပေးထားပြီး မင်းသွေး၊ စည်ဖြိုး၊ နေရဲ၊ ထူးခြား (ဧည့်သည်သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်၊ ဇင်ဝိုင်း၊ ပိုင်ဖြိုးသု) တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သတ်ကွင်းဇာတ်ကားကို မနက်ဖြန်ကနေစတင်ပြီး မြန်မာနိုင်ငံအနှံအပြားက ရုပ်ရှင်ရုံတွေမှာ တပြိုင်နက်တည်း ပြသသွားမှာဖြစ်လို့ အားပေးလိုက်ရအောင်နော်။

Credit :momolay

Loading...

Facebook Comments