ခင်ပွန်း ရဲ့အချစ် ကို လင် ညီအစ်မ(၃)ဦး နဲ့ မျှဝေနေ ရခြင်းအပေါ် ဇနီးသည်ရဲ့အမြင်

လူ ဆိုတာ မုန့် ကိုတော့ ဝေစားမယ်၊ အချစ်ကိုတော့ ဝေမစားနိုင်ဘူးလို့ တော်တော်များများ ခံယူထားကြသူတွေပါ။ ရှားရှားပါးပါး၊ မယားအမြောက်အများ၊ လင်အမြောက်အများ ယူပြီး အချင်းချင်း ကြည်ဖြူနေသူတွေလည်း လောကကြီးမှာ ရှိနေပါသေးတယ်။

အခုလည်း တရားဝင် မယားကြီးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့အချစ်ကို တစ်ခြားလင်ညီအစ်မ(၃)ယောက်နဲ့ မျှဝေနေရခြင်းအပေါ်မှာ သူမရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို ထုတ်ဖော်ခဲ့ပါတယ်။ သူမရဲ့ Waraphon Pruksawan နာမည်ကတော့ ဖြစ်ပြီး၊ တရားဝင် မယားကြီးပါ။

မယား(၃)ယောက်နဲ့ ဘဝတုန်းက အဲဒီအမျိုးသားအနေနဲ့ ကျဉ်းထဲကြပ်ထဲ ရောက်နေတော့မှာပဲလို့ လူတွေက တွေးခဲ့ပေမယ့်၊ ယခုနှစ် အစောပိုင်းမှာ နောက်ထပ်မယားတစ်ယောက် ရယူခဲ့ပြီး၊ လေးယောက်မြောက် မယားကို တော်ကောက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Waraphon ကတော့ အခြားမယား(၃)ယောက်နဲ့ ခင်ပွန်းသည်ရဲ့ အချစ်ကို မျှဝေနေရခြင်းအတွက် သူမအနေနဲ့ ဘယ်လိုမှ စိတ်ထဲ မခံစားရကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒီလို ခင်ပွန်းသည် မိန်းမ တစ်ယောက်ပြီး တစ်ယောက် ယူနိုင်ဖို့အတွက်လည်း သူမရဲ့ ခွင့်ပြုချက်ကို ခင်ပွန်းက ယူခဲ့ရပါတယ်တဲ့။

Waraphon က ခင်ပွန်းဖြစ်သူကို ဒီလို တရားဝင် ဖောက်ပြန်စေခိုင်းလိုက်ခြင်းဟာ၊ နောက်ကွယ်မှာ သူမ မသိအောင် ဖောက်ပြန်နေတာထက် စာရင်တော့ ပိုကောင်းတယ်လို့ ဆိုပါတယ်။ မိန်းမများတဲ့ ယောက်ျားဟာ မကောင်းဘူးဆိုတာ သူမက လက်မခံပါဘူး။

အကြောင်းကတော့ သူမရဲ့ခင်ပွန်းသည်က သူမတို့အပေါ် လင့်ဝတ်ကျေပွန်တယ်လို့ ဆိုပါတယ်။ အခုအချိန်ထိလည်း သူမတို့ မိသားစုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြပြီး၊ ဘဝကို ရိုးရိုးလေး ဖြတ်သန်းနေကြတယ်လို့ Waraphon က ပြောပါတယ်။

Credit: နတ်စည်တော် (MyanmarNote)

Loading...

Facebook Comments