ဆွေခန်းမျိုးခန်းဖြတ်ပေးဖို့ အလှမယ် သင်းသင်း တောင်းဆိုပြီ

ဆွေခန်းမျိုးခန်းဖြတ်ပေးဖို့ အလှမယ် သင်းသင်း တောင်းဆို

ဆွေခန်းမျိုးခန်းဖြတ်ပေးဖို့ မိသားစုဝင်တွေကို တောင်းဆိုလိုက်တဲ့ အလှမယ် သင်းသင်း

သင်းသင်း တစ်ယောက် ကတော့ လတ်တလော ဖြစ်ပျက်နေတဲ့ ကိစ္စ ရပ်တွေကြောင့် ဆွေခန်းမျိုးခန်းဖြတ်ပေးဖို့တောင်းဆိုလိုက်ပါတယ် ။သင်းသင်းဟာ လက်ရှိမှာ ပရဟိတမင်းသားဖြစ်တဲ့ ဝေဠုကျော်အား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ အပြင်းအထန်ဖိအားပေးဝေဖန်ခံနေရတာဖြစ်ပါတယ်။ သင်းသင်း တစ်ယောက်ကတော့ လတ်တလော ခံစားနေရတဲ့ ကိစ္စရပ်တွေကြောင့် မိသားစု ကို ရင်မဆိုင်ရဲတဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တာလို့လည်း လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာလည်းဖြစ်ပါတယ်။

သင်းသင်း တစ်ယောက် ကြိုးစားမှုကြောင့် ရရှိလာကြတဲ့ အနုပညာကြေးလေးတွေ နဲ့ မိဘ ကို ထောက်ပံ့ပေးနေခဲ့တယ် လို့ဆိုပါတယ်။လောလောဆယ် မှာ သူမစုဆောင်းထားတဲ့ စုဗူးကို ဖောက်ပြီး စုဗူးထဲ က ငွေတွေကို အကုန်ထောက်ပံ့လိုက်တာပါ။ နောက်နောင်ကို အဝေးကနေပဲ ထောက်ပံ့တော့မယ်လို့ ပြောဆိုပြီး ဆွေမျိုးစာရင်းကနေ ထုတ်ပယ်ပေးဖို့ တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ ပရိသတ်တွေကတော့  သင်းသင်း ရဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်မကောင်းဖြစ်ကြတယ် လို့ လည်း သိရှိရပါတယ်။

Source – Thin Thin Facebook

Nay Madhuri

Loading...

Facebook Comments