မူလတန်းပြဆရာမဒေါ်မေဇင်နှင်းကို မုဒိမ်းကျင့်ပြီး ရေထဲနှစ် သတ်ဖြတ်ခြင်းဟု သတင်းထွက်ပေါ်

ရမ်းဗြဲမှာ မူလတန်းပြ ကျောင်းဆရာမတစ်ဦးကို ဘက်ဖိုးမောင်းသမား ဗမာနှစ်ဦးမှ မုဒိမ်းကျင့်ပြီး ရေထဲနစ် သတ်ဖြတ်ခြင်းဟု သတင်းထွက်ပေါ်

ဒီဇင်​ဘာ ၁၀.၂၀၁၈

ဒီကနေ့ မနက်ပိုင်း ၁၀ နာရီအချိန်ပိုင်း​​က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် တောင်ရွာ မူလတန်းကျောင်းမှာ တာဝန်ကျနေတဲ့မူလတန်းပြ ကျောင်းဆရာမတစ်ဦးကို ကျေးလက်လမ်းတွင် လုပ်နေသူ ဘက်ဖိုးမောင်းသမား ဗမာနှစ်ဦးမှ မုဒိမ်းကျင့် ရေထဲနစ် သတ်ဖြတ်ခြင်းဟု သတင်းထွက်ပေါ်နေပါသည်။

ဘက်ဖိုးမောင်းသမား တရားခံ ဗမာလူမျိုးနှစ်ဦးအနက် (၁)ဦးကို ဖမ်းမိထားပြီဟု သိရသည်။

ယနေ့ ရမ်းဗြဲမြို့နယ်၊ ကံဒိုင်းတိုက်နယ်၊ မီးကျောင်းတက်ရွာနှင့် သပြေကျွန်းရွာကြားတွင် အသတ်ခံရသောဆရာမမှာ မူလတန်းပြဆရာမ ဒေါ်မေဇင်နှင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် သတင်းအဖွဲ့

Loading...

Facebook Comments