သူမအကြောင်း အပုပ်ချရေးသားထားတာတွေကို ပြန်လည်တုံ့ပြန်ဖြေရှင်းလိုက်တဲ့ ရွှေအိမ်​စည်

Miss Golden Land Myanmar 2018 ရွှေအိမ်စည်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးမှာ သူမတတ်စွမ်းသလောက် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ခဲ့သူတစ်ဦးပါ။ လတ်တလောမှာတော့ ရွှေအိမ်စည်က သူမကို အပုပ်ချရေးသားထားတာတွေ တွေ့ရတာကြောင့် ပထမဦးဆုံးအကြိမ်အနေနဲ့ အေးဆေးတည်ငြိမ်စွာ ပြန်လည်တုံ့ပြန်လိုက်တာ တွေ့ရပါတယ်။

ရွှေအိမ်စည်ကတော့ “မနေ့ညက ထင်မထားလောက်အောင်ကို တစ်ခဲနက် လာကြိုပေးတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူး အရမ်းတင်မိပါတယ်။ အားပေးတဲ့ ပရိသတ်တွေခုမနက် စိတ်မသာမယာဖြစ်အောင် အိမ်စည့်အကြောင်း အပုပ်ချရေးသားတာ ရှိလာလို့ ဘယ်လိုတုံ့ပြန်မလဲ လာမေးနေကြတယ်။ ခရီးသွားနေတုန်း မြန်မာပြည်မှာ မလုပ်ဖြစ်တဲ့ အနုပညာအလုပ်တွေ ပြန်စီစဉ်ရတာ၊ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ရတာ၊ အရင်းနှီးဆုံး ဆွေမျိုး သူငယ်ချင်းတွေနှင့် အချိန်ပေးနေရတာကြောင့် သူများ စာရှည်ရှည်ရေးထားရင် ဖတ်နိုင်ဖို့ အသာထား Facebook တောင် ဝင်ဖတ်ချိန်မရှိပါဘူး။ အဲတော့ ဘာရေးထားမှန်း သေခြာမသိတာကို ဘာမှလည်း မတုံ့ပြန်လိုပါဘူး။

ကိုယ်သိတာကိုပဲ ပြောရင်တော့ ၁။ အိမ်စည်နှင့် ပတ်သက်နေသေးတဲ့ Organisation ကိုရော ပုဂ္ဂိုလ်တွေကိုရော ထိခိုက်အောင် အိမ်စည့်ဖက်က မီဒီယာမှာ၊ လူမှုကွန်ယက်မှာ ပြောဆို ရေးသား အပြစ်တင်တာ တစ်ခုမှ လုပ်ခဲ့တာ မရှိဘူးဆိုတာ ပြောရဲပါတယ်။ အဖွဲ့အစည်းနှင့် အခက်အခဲတွေ့ရင် မြိုသိပ်ဖြေရှင်းပြီး၊ အဆင်ပြေတဲ့ ကိစ္စကို လူပိုသိအောင် ပြောပေးတာမျိုးပဲ ရှိပါတယ် ၂။ အိမ်စည့် အကြောင်း ဘာရေးထားလဲ ကိုယ်တိုင်မဖတ်ရသေးပေမယ့် မနေ့ တစ်နေ့ကပဲ cyber bullying ရဲ့ အပြစ်တွေကို ထောက်ပြထားတဲ့ အဖွဲ့အစည်းတစ်ခု ဆိုတော့ ဘာမှ မိချောင်းမင်း ရေခင်းပြနေစရာ မလိုတော့ဘူး ထင်ပါတယ်။*ပြိုင်ပွဲမှာ အိမ်စည့်ကို ပေးခဲ့တဲ့ နေရာကို အားမရပေမယ့် အိမ်စည် လုပ်ခွင့်ရခဲ့တဲ့ performance ကို ကျေနပ်တယ်

ဒါကိုလည်း အိမ်စည့် ပရိသတ်က အသိအမှတ်ပြုတယ်။ ကဲ ဘာလိုသေးလို့လဲ။ ပျော်ရမယ့် အချိန်မှာ ပရိသတ်တွေ ခေါင်းရှုပ်စရာတွေ အရေးလုပ်မနေပါနှင့်တော့။ရှေ့ဆက် လုပ်စရာတွေ အများကြီးရှိသေးတယ်။ ဆက်လက် အားပေးကြပါ။ရွှေအိမ်စည် ” ဆိုပြီး သူမရဲ့ Official Page မှာ ပြန်လည်တုံ့ပြန်ထားတာ တွေ့ရပါတယ်။

ရွှေအိမ်စည်ကတော့ နိုင်ငံတစ်ကာ အလှမယ်တွေကြားမှာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Top 25 နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒါပေမယ့်လည်း သူမကိုချစ်ကြတဲ့ ပရိသတ်တွေက အချစ်ပိုတိုးလာကြတဲ့အပြင် သူမ မြန်မာပြည်ပြန်ရောက်စဉ်ကလည်း တစ်ခဲနက် ကြိတ်ကြိတ်တိုး လာကြိုခဲ့ကြတာ တွေ့ရပါတယ်။ ချစ်ပရိသတ်တွေရော အိမ်စည်ရဲ့တုံ့ပြန်မှုကို ဘယ်လိုမြင်မိကြလဲဆိုတာ ပြောသွားခဲ့ကြပါဦးနော်။

Credit – momolay

Loading...

Facebook Comments