ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကိုသတ်တဲ့ တရားခံတွေမိပြီ

ရတနာပုံဆိုင်ဘာစီးတီး ကျောင်းသားကို ရိုက်နှက်၍လုယက်မှု ကျူးလွန်သူ (၃) ဦးကို ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၀

နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီးတွင်နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)ကျောင်းသားကို ရိုက်နှက်၍ ဆိုင်ကယ် လုယက်မှုကျူးလွန်သူ (၃) ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်းသိရသည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ICTမေဂျာ ဒုတိယနှစ်တွင် ပညာသင်ကြားနေသည့်ကိုထက်လင်သန့် (၁၇) နှစ် မှာ ဒီဇင်ဘာလ (၆) ရက်နေ့ညနေပိုင်းက အသတ်ခံခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ရက်နေ့ က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကနဦး တိုင်ချက်ထဲမှာ သုံးယောက်လို့ ပြောပေမယ့်စစ်ဆေးတဲ့အချိန်မှာ ခြောက်ယောက်ဆိုတာ ပေါ်ပေါက်တယ် ။ သုံးယောက်တော့ ဖမ်းမိပြီ နောက်ထပ်သုံးယောက်ဖမ်းမိဖို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်”ဟု ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဖြစ်စဉ်မှာ ကိုထက်လင်းသန့် နှင့် မဇူးဇူးဟန်ကို တို့သည်သုံးထောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းမှ လမ်းမှ ပြန်လာစဉ် အမျိုးသားသုံးဦး က ဆိုင်ကယ်ကိုတွန်းလှဲ၍ တုတ်ဖြင့် ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ပြီး ကိုထက်လင်းသန့် မှာ သေဆုံးခဲ့သည်။

နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး)ကျောင်းသား အသတ်ခံရမှု နှင့်ပတ်သက်၍ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၇)ရက်နေ့က အသတ်ခံလိုက်ရသည့်နေရာတွင်ကျောင်းသား ကျောင်းသူများက ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကိုရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၁၄၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

The Fifty Wave News

Loading...

Facebook Comments