ဝေဠုကျော်က မီဒီယာများတွင်ဖြေကြားထားသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး အိမ်ရှေ့ထိသွားရောက်ဖြေရှင်းမည့် အလှမယ်သင်းသင်း

‘‘ဒီနေ့သူဖြေသွားတဲ့ ရည်း စားနဲ့ပြတ်ရင် တရားစွဲမယ်ဆိုတဲ့ ကိစ္စကို သူ့အိမ်ရှေ့မှာ သွားပြောမှာပါ’’ ဟု မသင်းသင်းက ပြော သည်။မသင်းသင်းသည် ဝေဠု ကျော်နှင့် ချစ်သူအဖြစ် ရှစ်လခန့် လက်တွဲပြီး ဒီဇင်ဘာ ၂ ရက် ဝေဠုကျော်၏မွေးနေ့တွင် ဖေ့စ် ဘွတ်ခ်၌ မွေးနေ့ဆုတောင်းပေး ခဲ့သောကြောင့် ပြဿနာဖြစ်ခဲ့ ခြင်းဖြစ်ကြောင်း မသင်းသင်းက မီဒီယာများတွင် ဖြေကြားထား သည်။

‘‘တရားစွဲဖို့နေရာကတော့ ကျွန်မရှေ့နေနဲ့ တိုင်ပင်တုန်းပါ။ ကာမလိမ်လည်မှုနဲ့ စွဲမှာပါ။ ဟုတ်ပါတယ်’’ ဟု မသင်းသင်းက ဝေဠုကျော်ကို တရားစွဲဆိုမည့်အ ကြောင်းပြောသည်။ဝေဠုကျော်က ရည်းစားနှင့် ပြတ်သည်ကို တရားစွဲခံရပါက ၀ဋ်ကြွေးပါသောကြောင့်သာဖြစ် သည်ဟု မီဒီယာများအားဒီဇင်ဘာ ၉ ရက်က ဖြေကြားသည်။

မြန်မာမိန်းကလေးတိုင်း ရာခိုင်နှုန်းတော်တော်များများ ရည်းစားပြတ်ဖူးကြတယ်။ ကျွန် တော်လည်းရှေ့မှာ ရည်းစားတွေ အများကြီးပြတ်ဖူးတယ်။ ဒီတစ် ယောက်ကျမှ တရားရုံးရောက် တော့မယ်ဆိုတော့ ၀ဋ်ကြွေးပါ လာတယ်လို့ပဲ သဘောထားရမှာ ပါ၊ ကြိုက်တာလုပ်ပါ၊ ကျွန်တော် ခံပါ့မယ်’’ ဟု ဝေဠုကျော်က မီဒီ ယာများအား ဖြေကြားသည်။

ထို့အပြင် ဝေဠုကျော်က ၎င်း၏လက်ရှိချစ်သူနှင့် အချစ် ရေးအဆင်ပြေနေပြီး အိမ်ထောင် ပြုရန်ဆုံးဖြတ်ထားကြောင်း မီဒီ ယာများအား မကြာမီကဖြေကြား ထားသည်။

Credit-7 Days

Loading...

Facebook Comments