ကာမလိမ်လည်မှုဖြင့် သရုပ်ဆောင် ဝေဠုကျော်အား တရားစွဲမည်ဟု အလှမယ် သင်းသင်းဆို

အလှမယ် သင်းသင်းက ဝေဠုကျော်အား ကာမလိမ်လည်မှုများ တရားစွဲသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်ညနေပိုင်းက မြန်မာ တိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

“ညီမကတော့ သူ့ကို တရားစွဲသွားမှာပါ။လက်ရှိမှာတိုင်ပင်နေတုန်းမို့ပါ။သူဒီနေ့ဖြေသွားတာက လောက မှာ ရည်းစားဖြစ်တိုင်း ထောင်ကျမှာဆိုရင် အကုန်လုံးထောင်ကျမှာပေါ့လို့ သူဖြေသွားခဲ့တယ်။ မင်းသား ဆိုတဲ့ အတိုင်း လှလှပပလေးသုံးသွားခဲ့တယ်။ အဲလိုမျိုးမဟုတ်ပါဘူးး။ဘာကြောင့်လဲဆိုတော့ သူက ကမ္ဘာကျော် ပရဟိတကိုလုပ်နေတယ်။အစ်မကို တွဲလိုက်တာသည် ကိုယ်ဘယ်လိုမိန်းကလေးလည်းဆိုတာ အကုန်လုံးသိ ပါတယ်။ သူဟာဘယ်လို ယောက်ျားလဲဆိုတာ အမှန်တရားနဲ့ သွားမှာပါ။ညီမကို လာမညှိပါနဲ့။ ဒီကြားထဲမှာ ရှေ့ နေတွေ၊ ကိုယ့်ဘေးလူတွေရော ပြန်ညှိဖို့ပြောပါတယ်။ အစ်မလုံးဝလက်မခံပါဘူး။ အစ်မ သာမန်မိန်း က လေး တစ်ယောက်ပါ။ငွေလိုလို့ ခုလိုလုပ်တာမဟုတ်ပါဘူး။ Miss တစ်ယောက်ဆိုပေမယ့် နာမည်ကြီး တစ်ယောက် လည်း မဟုတ်ပါဘူး။စပွန်ဆာရှာနေတာလည်း မဟုတ်ပါဘူး။ Miss လောကထဲမှာရောက်နေတာ မှန်တယ်။အဲဒိ အရာတစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းပြုတာလည်း မဟုတ်ပါဘူး။ညီမက လိုင်းကားတိုးစီးတဲ့ Miss တစ် ယောက်ပါ။သူနဲ့ ညီမတို့ ဖြစ်ခဲ့တယ်ဆိုတာ facebook တင်ထားပါတယ်။ညီမကို ဟိုတယ်ကို လိမ်ခေါ်သွားပြီး တော့ မပတ်သက်ချင်ပဲ ပတ်သက်လိုက်ရတာပါ။နောက်ပိုင်းမှ သံယောဇဉ်ဖြစ်သွားတာပါ”ဟု အလှမယ်သင်းသင်းက ပြောဆိုသည်။

အလှမယ် သင်းသင်းသည် လက်ရှိတွင် ယခင်ပတ်သက်ခဲ့သည့် ကိစ္စရက်များ နှင့် ပတ်သက်၍ အချက် အလက် များပြန်လည် စုဆောင်းကာ ရှေ့နေများဖြင့် မည်သည့်မြို့နယ်တွင် တရားစွဲရမည်ဖြစ်ကြောင်း စုံစမ်းနေသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ခဲ့ခြင်း မဟုတ်ကြောင်း ၊ ချစ်သူသက်တမ်း ရှစ်လကျော်ရှိပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ အဆက်အသွယ်ရှိခဲ့ကြောင်း သိရသည်။

သင်းသင်းသည် အညာသူတစ်ယောက်ဖြစ်ပြီး မိသားစုကို ယခင်က စားပွဲထိုးအလုပ်လုပ်ပြီး လုပ်ကိုင်ကျွေးမွေးခဲ့ကာ လက်ရှိတွင် ရန်ကုန်မြို့ တာမွေမြို့နယ် မြေညီထပ်တစ်ခုတွင် ဌားနေပြီး အိမ်တွင် လက်ဖက်သုတ်ဆိုင်၊ ဂျင်းသုတ် ဆိုင်ဖွင့်ထားသူလည်း ဖြစ်ပြီး မိမိLife Style အား လူမှု ကွန်ရက်စာမျက်နှာတွင် တင်ထားသည်။

“ခုလိုထပြီး တရားစွဲတာကတော့ အစ်မလို့ မိန်းကလေးတွေခံရခဲ့ဖူးသူတွေလည်း ရှိပါလိမ့်မယ် ။ ရှိချင်မှလည်း ရှိလိမ့်မယ်။ ညီမကတော့ အဆုံးထိခံရတာမို့ သူ့ဆီကငွေကြေးမလိုပါ။ သိန်းတစ်သောင်းပုံပေး လည်း လက်မခံပါ။ မြန်မာအမျိုးသမီးမိန်းကလေး တစ်ယောက်အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို ချပြချင်တာပါ။စော်ကားလို့ပါ။ညီမနဲ့ တွဲနေပြီးတခြား ကောင်မလေးတစ်ယောက်ကို ယူမယ်ဆိုတာကို လက်ခံ နိုင်မလား။သမီးရည်းစားဘဝမှာ မိသားစုချင်းအဆင်မပြေလို့ အပြုံးနဲ့ လက်ခွဲသွားတဲ့သူတွေအများကြီး ရှိပါ တယ်။ စော်ကား ပြောဆိုပြီး မတူမတန်သလိုဆက်ဆံခံရတယ်။ သူတို့အသိုင်းအဝိုင်းရဲ့ ဆော်ကား တာလည်း ခံရတယ်။သူကိုယ်တိုင် ပြောဆိုခဲ့တာကို ညီမမခံနိုင်ပါဘူး။သူကို အရမ်းလည်း စိတ်နာသွားတယ်။ သူ့ကိုချစ်ခဲ့တာသည် အဖြူထည်သက်သက်ချစ်ခဲ့တာပါ။ သူကိုယ်၌က မင်းကြိုက်တာလုပ် တရားစွဲချင်စွဲလို့ စိန်ခေါ်ခဲ့တယ်။ ညီမ မခံနိုင်လွန်းလို့ ကာမလိမ်လည်မှုနဲ့ တရားစွဲမို့ ဖြစ် လာတာပါ “ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဝေဠုကျော်” ကျွန်တော်ကတော့ ပြဿနာ မရှိပါဘူး။လောကကြီးမှာ မမှားတာ မရှိဘူးမှားကြတယ်ပေါ့။ အိမ်ထောင်သည် တွေတချို့တောင် မှားနေကြသေးတာပဲ။ကျွန်တော်က အိမ် ထောင်မရှိဘူး။ လူလွတ်လေ။ ခလုတ်တိုက်မိလို့ပဲ ဖြစ်ဖြစ် ပတ်သက်မိသွားတယ်။ ဥပမာ- ရိုးရိုးလေး ပြောရင် ရည်းစားထားမိသွားတယ်။ ရည်းစားပြတ် သွားတယ်ဗျာ။ တစ်နိုင်ငံမှာရည်းစားနဲ့ ပြတ်သွားတာ သန်းနဲ့ သောင်းနဲ့ ချီပြီးတော့ရှိတော့ ပြတ်နေတာ။ ကျွန်တော်ကျ မှတရားစွဲခံရမယ်ဆိုတော့ ဝဋ်ကြွေးပါလာလို့ပေါ့။ ကျွန် တော်ကလည်း ဘာမှ မဖြစ်ပါဘူး။ တရားစွဲမယ်ဆို လည်းခံလိုက်ရုံပေါ့။ မြန်မာပြည်မှာ သမိုင်းတွင်သွားတာပေါ့။ နောင်တွင် ဥဒါန်းတွင်ရစ်စေသတည်းပေါ့။ ရည်း စားပြတ်တာ တရားစွဲခံရတာ ကျွန်တော်တစ်ယောက်ပါ။ ကျွန် တော်ကလည်း လူငယ်ကို ရည်းစားကိုခုမှ တစ်ယောက်ဖူးထားဘူးတော့ ခံစားရတာပေါ့။ ရည်းစားတွေလည်း ပြတ်တာတွေလည်း များလာခဲ့ပြီ။ ကျွန်တော် တင်မဟုတ်ပါဘူး။ သူ့မှာလည်း ရှိဦးမှာပါ။ သူလည်း ပြတ်လာပြီး သာပါ။ ရှေ့လူတွေပြတ်တာ တရားမစွဲပဲ ကျွန် တော်ကျမှ တရားလာစွဲတော့ ကျွန်တော်ဝဋ်ကြွေးပါလားလို့ပေါ့။ ဒီအတွက် ဘာမှမပူကြပါနဲ့ လာမယ့်နှစ်မှာ ထောင်ကျရင် မကျရင်တော့ ၊ အိမ်ထောင်ကျပါမယ်။တစ်ခုခု သေချာသွားပါတယ်။ ကျွန်တော် အိမ်ကလည်း ဒီ လိုကိစ္စတွေ ရှိလာတဲ့အတွက် မင်းအိမ်ထောင်ပြုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာမာချပေးလိုက်ပါတယ်။ ကျွန်တော်အရင်တုန်းကတော့ အိမ်ထောင်မပြုချင်ဘူး။ ဒီလိုပဲနေချင်သေးတယ် ပြောပေမယ့် ။အခုတော့ မရတော့ဘူး။ အိမ်ထောင်ပြုရမယ်တဲ့။ပြုပါမယ်”ဟု ပြောဆို သည်။

ဝေဠုကျော်သည် လက်ရှိတွင် မိမိနှင့် စိတ်တူကိုယ်တူနှင့် အထောက်အကူအပံ့များ ပေးစွမ်းနိုင်ပြီး တကယ်ချစ် မြတ်နိုး သူကို တွေ့ရှိပါက လက်ထပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်း၏ ကိစ္စရပ်နှင့် ပတ်သက်ပြီး ဝေဠုကျော်က “ကျွန်တော် ဘယ်လိုမှ မသုံးသတ်ပါဘူး။ ဒါသူရဲ့ စိတ်ကူးနဲ့ သူ့ရဲ့ဆန္ဒပါ။ ကြိုက်တာလုပ်ကြပါ လောကကြီးမှာ။ လောကကြီးမှာ စီးမျှောပြီး လျှောက်လှမ်းရမှာ ကျွန်တော်ရဲ့တာဝန်ပါ။ အောင်မြင်ခြင်း ၊ ကျရှုံးခြင်း ၊ နိုင်ခြင်း ၊ ရှုံးခြင်းတွေ ဆင်းရဲခြင်းချမ်းသာခြင်းတွေက တစ်ချိန်မှာ ပြီးသွားမှာပါ”ဟု ဖြည့်စွက်ပြောဆိုသည်။

Credit :The Myanmar Times

Loading...

Facebook Comments