အိမ်နီးချင်းအိမ်ကို အလည်သွားတဲ့ အသက် ၅ နှစ်အရွယ်မိန်းကလေးကို အဆိုပါအိမ်မှ အမျိုးသားက အဓမ္မပြုကျင့်ဖို့ ကြံစည်

ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၆ ရက် က တောင်ဒဂုံ ၇၂ ရပ်ကွက်မှာ နေထိုင်တဲ့ ၅ နှစ် ၆ လအရွယ်မိန်းကလေးက အနီးအနားကအိမ်မှာ သွားဆော့နေတာကို အဖိုးဖြစ်သူက မတွေ့တာ ကြောင့် လိုက်လံရှာဖွေရာ အဓမ္မပြုကျင့်ဖို့ ကြိုးစားနေတာကိုတွေ့ရှိခဲ့ရတယ်လို့ အဖိုးဖြစ်သူရဲ့ ပြောကြားချက်အရသိရပါတယ်။

” သူ့အဖိုးက လိုက်ရှာတဲ့အချိန်မှာ သူ့မြေးရဲ့ ဖိနပ်ကိုတွေ့တဲ့အချိန်မှာ အိမ်အပေါ်တတ်ပြီး လိုက်ရှာတဲ့အချိန်မှာ လူတယောက်မှ မတွေ့ဘူးပေါ့နော်။ မြေးလေးရေလို့ ခေါ်ပြီး နောက်ဖေးလည်း ဝင်သွားရော အဲဒီအမျိုးသားက သူ့ခန္ဓာကိုယ်က အပေါ်က မိုးပြီးတော့ ကြံစည်နေတာကို တွေ့လိုက်ရတာ။ အဲဒီကလေးငယ်သွားဆော့နေတဲ့ အိမ်က အရင်တည်းကလည်း ခင်မင်ရင်းနှီးကြပါတယ် ” တောင်ဒဂုံ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက Duwun ကိုပြောပြပါတယ်။

အဓမ္မပြုကျင့်ဖို့ ကြံစည်သူ အမျိုးသားကိုတော့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပြီး တောင်ဒဂုံရဲစခန်းကို အပ်နှံလိုက်တယ်လို့ သိရပါတယ်။ မိန်းကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေက တောင်ဒဂုံမြို့နယ်အတွင်းမှာ ၃ ကြိမ်လောက်ဖြစ်ပွားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြောပါတယ်။

လက်ရှိတော့ တောင်ဒဂုံမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုပပျောက်ရေးနဲ့ ပတ်သက်ပြီး ပညာပေး အစီအစဉ်ပြုလုပ်သွားမယ် လို့လည်း ဦးညီညီက ပြောပါတယ်။

အသက် ၁၂ နှစ်နဲ့ ၁၂ နှစ်အောက် မိန်းကလေးတွေကို အဓမ္မပြုကျင့်ကျုးလွန်တဲ့သူတွေကို ထောင်ဒဏ်တသက် ပြစ်ဒဏ်ပေးဖို့ နိုဝင်ဘာ ၃၀ ရက် အမျိုးသားလွှတ်တော်မှာ အတည်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။

Credit :Duwun

Loading...

Facebook Comments