ငွေကြေးလိမ်လည်သည်ဟု စွပ်စွဲခံနေရသော ယောဂီနန္ဒမာလာကိုင်သည့်သေနတ်မှာ အတုသာဖြစ်ဟု ၄င်း၏ တပည့်များပြော

ငွေကြေးလိမ်လည်သည့် စွပ်စွဲချက်များဖြင့် နာမည်ကြီးနေသော ယောဂီနန္ဒမာလာကိုင်သည့်သေနတ်သည် အတုသာ ဖြစ်ကြောင်း ၄င်း၏ တပည့်များ ပြန်လည်ဖြေရှင်းလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ယောဂီဒေါ်နန္ဒမာလာမှ သေနတ်တလက်ကိုင်ဆောင်ထားသည့် ဓါတ်ပုံတပုံ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံလျက်ရှိပြီး ယင်းသို့ ယောဂီတဦး သေနတ်ကိုင်ဆောင်သည့်အပေါ် ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိခဲ့သည်။သို့သော်လည်း အဆိုပါ သေနတ်သည် ရုပ်ရှင်ဇာတ်ဝင်ခန်းတွင်သုံးသည့် သေ နတ် အတုဖြစ်ကြောင်း ဒီဇင်ဘာ၉ ရက်နေ့က Orchid ဟိုတယ်တွင် ပြုလုပ်သည့် ယောဂီမယ်တော်ကြီး ဒေါ်နန္ဒမာလာနှင့် ပတ်သက်သော အဖြစ်မှန်များအား ရှင်းလင်းသည့်ပွဲတွင် ၄င်းကိုယုံကြည်ကိုးကွယ်သူ တပည့်ဒါယိကာများက ပြောကြားခဲ့သည်။

” မယ်တော်ကြီး သေနတ်ကိုင်တဲ့ဓာတ်ပုံတွေတက်လာ ကို ဖေ့စ်ဘုတ်စ်မှာ ဝေဖန်ထားတွေတွေ့ရပါတယ်။ တကယ်တော့ အဲ့ဒီသေနတ်ကအတုပါ။ ရုပ်ရှင် ရိုက်တဲ့အခါသုံးတဲ့သေနတ်ပါ။ အဲ့ဒီအကြောင်းကို စခန်းကခေါ်ယူမေးလို့ရှင်းခဲ့ပြီးပါပြီ”ဟု မယ်တော်ကြီး၏ သားတပည့်ဖြစ်သူ ဦးနေဝင်းနိုင်ကပြောသည်။

ယင်းအပြင် ယောဂီမယ်တော်ကြီး ဒေါ်နန္ဒမာလာနှင့် ပတ်သက်၍ နေ့စဉ် ထုတ်သတင်းစာတစောင်နှင့် လူမှုကွန်ရက်များတွင် ဖော်ပြသည့် သတင်းအ ချက် အလက်များမှာ မှန် အကန်မှုမရှိခြင်းတို့ကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ထို့အပြင် ယခင်က မိမိ နှင့် မယ်တော်ကြီး နန္ဒမာလာတို့မှာ အကြင် လင်မယားဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မယ်တော်ကြီးသာသနာဘောင်စဝင်ချိန်တွင် တရားဝင် ကွားရှင်းခဲ့ကြောင်း၊ သာသနာဝင်အသိ အမှတ်ပြုလက်မှတ်ရှိကြောင်းနှင့် ၄င်းအနေဖြင့် ပစ္စည်းလေးပါးဒါယိကာအဖြစ်သာ ဆက်လက်ဆောင်ရွက် ပေးနေကြောင်း ဦးနေဝင်းနိုင်ကရှင်းပြသည်။

ဒေါ်နန္ဒမာလာ သာသနာဘောင်ထဲမဝင်မီ မီဒီယာအချို့တွင်ဖော်ပြခဲ့သည် မန္တလေးတိုင်းဒေသကြီးတွင် ပုဒ်မ၄၂၀၊ ၄၀၆၊ ၅၇တို့ဖြင့် ထောင်သုံးချိန်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်လွတ်လာသည့်ဆိုသည့် သတင်းအချက်အလက်များနှင့် ပတ်သက်၍ သာသနာဘောင်ထဲမ ဝင်မီလူဘဝတွင်ဖြစ်ခဲ့သည့် အ ကြောင်းအရာများကိုမဖြေလိုကြောင်းနှင့် သာသနာဂုဏ်သိက္ခာထိခိုက်နစ်နာမည်ဆိုးကြောင်း ၄င်းကပြောသည်။

လက်ရှိအချိန်တွင် မယ်တော်ကြီး ဒေါ်နန္ဒမာလာ သည် တရုတ်နိုင်ငံတွင် ရှေးဟောင်စေတီတဆူထီးတင်ရန်အတွက် အဓိဌာန်ဝင်နေကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီ၁၉ ရက်နေ့တွင် ကျရောက်သောမွေးနေ့ပွဲတွင် သတင်းထောက်များသိလိုသည်များကို ကိုယ်တိုင်ဖြေပေးမည်ဖြစ်ကြောင်း ယင်းသတင်းစာရှင်း လင်းပွဲမှသိရသည်။

”ဒီပြဿနာစတာကတော့ ဦးနေမျိုးနိုင်ရဲ့ ရွှေကိန္နရီခရီးသွားလုပ်ငန်းနဲ့ မယ်တော်ကြီးက ဘုရားဖူးချင်သူတွေကိုအခမဲ့ပို့ပေးတယ်။ နောက်တော့ ဦးနေမျိုးနိုင်နဲ့ မပို့တော့တဲ့အတွက် မယ်တော်ကြီးကို မကျေနပ်လို ဒီလိုပြဿနာတွေဖြစ်အောင်ဖန်တီလာတာ”ဟု ဒေါ်နန္ဒမာလာ၏ သားတပည်းဖြစ်သူ ကိုစွမ်း အောင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ၆ရက်နေ့က ဒေါ်နန္ဒမာလာ ၏ တပည့်ဖြစ်သူ ဦးစွမ်းအောင်မှ ဆက်သွယ်ရေးပဒေပုဒ်မ ၆၆(ဃ)ဖြင် လှိုင်မြို့နယ်တရားရူံးတွင် အမှုဖွင့် သည့်အတွက် ရွှေကိန္နရီခရီးသွားလုပ်ငန်း MDဦးနေမျိုးအောင် မှ အာမခံလာယူစဉ် ဒေါ်နန္ဒမာလာလာရောက်မည်ဆို၍ အကြွေးတောင်ရန်ဟုဆိုကာ ကြွေးရှင်များစောင့်ဆိုင်းခဲ့ကြသည်။

”ကျွန်တော်တို့ကုမ္ပဏီက ဘုရားဖူးပို့တဲ့ငွေကြေးရဖို့ရှိတာကြောင့် ဒေါ်နန္ဒမာလာနဲ့သူတပည့်သာဝကတွေထံ တောင်းတဲ့အတွက် သူတို့က ၆၆(ဃ)နဲ့ တရားစွဲ တာပါ။” ဟု ဦးနေမျိုးနိုင်မှ တရားရုံးသို့ အာမခံ လာရောက် လျှောက်ထားစဉ် မီဒီယာများကိုဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် လှိုင်မြို့နယ်တရားရုံးမှ ဖမ်းဝရမ်းထုတ်၍ တရားခံပြေးအဖြစ်ကြေညာထားသော်လည်း မိမိတို့ထံသို့လည်းကောင်း၊ ဒေါ်နန္ဒမာလ ကျောင်း သို့လည်းကောင်း အမိန့်၊ ကြောညာ၊အသိပေးခြင်းမျိုးမရှိကြောင်းနှင့် မည်သူမှလာရောက်ဖမ်းဆီးခြင်းမရှိကြောင်း ဦးနေဝင်းနိုင်ကပြောသည်။

TCM

Credit : http://newswatch-mm.com

Loading...

Facebook Comments