လာမယ့်နှစ်ဆန်းမှာ မင်္ဂလာပွဲပြုလုပ်မယ့် ပိုင်ဖြိုးသု

မိခင်ဖြစ်သူက မင်္ဂလာပွဲ များစွာပြုလုပ်စေလိုသော်လည်း ၎င်းတို့နှစ်ဦး၏သဘောအရ မင်္ဂ လာပွဲတစ်ပွဲသာ ပြုလုပ်မည်ဟု သရုပ်ဆောင် ပိုင်ဖြိုးသုက ပြော သည်။
‘‘သုသုဖြစ်ချင်တာလေးတွေ ဂျီကျရတာပေါ့။ သုသုက ကိုဏကြီးကို ဂျီကျရတာမဟုတ်ဘူး။ အမေ့ကို ဂျီကျရတာပေါ့။ ပွဲတွေအများကြီး မလုပ်ချင်လို့ အမေ့ကို ဂျီကျရတာပါ။ မလုပ်ချင်လို့ သမီးပင်ပန်းလို့ပါဆိုပြီး နောက်ဆုံးနှစ်ဖက်မိဘတွေက သုတို့စိတ်ကြိုက်လုပ်ဆိုတာနဲ့ သုတို့စိတ်ကြိုက် ရိုးရိုးရှင်းရှင်းမင်္ဂလာပွဲ လေးတစ်ပွဲပဲ လုပ်ဖြစ်ပါမယ်’’ဟု ၎င်းက ပြောသည်။

၎င်းနှင့်ဒါရိုက်တာဏကြီးတို့ ၏စေ့စပ်ပွဲကို ဇွန်လ ၂၁ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့ပြီး မင်္ဂလာပွဲကို ၂၀၁၉ ဇန်နဝါရီအ တွင်း ပြုလုပ်မည်ဖြစ်သည်။

‘‘လှလှပပ၊ ပြင်ပြင်ဆင်ဆင် နေရတာလည်း သုအတွက် အရမ်းပင်ပန်းတယ်။ နောက်ပြီးတော့ ကိုဏကြီးရောပဲ။ နှစ်ယောက်စ လုံးက အလှတွေပြင်ပြီး ကျဉ်းကျဉ်းကျပ်ကျပ်ဆို သိပ်မနေ တတ်တော့လေ။ ဘာပဲပြောပြော ကိုယ်မင်္ဂလာဆောင်တယ်ဆိုတာ တစ်သက်မှာ တစ်ခါ၊ တစ်ဘဝမှာ တစ်ခါဆိုတော့ အဲဒီအချိန်လေး မှာ ပျော်ချင်တယ်။ တကယ်စိတ် ကျဉ်းကျပ်နေမယ့်အစား ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေတွေနဲ့၊ ကိုယ်ချစ်တဲ့ သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပွဲလေး ပဲ လုပ်ချင်ပါတယ်’’ ဟု ပိုင်ဖြိုးသု က ပြောသည်။

မင်္ဂလာပွဲနီးပြီ ဖြစ်သော် လည်း ဘာမျှ မပြင်ဆင်ရသေးသ လို ၎င်း၏စိတ်ကူးနှင့်တစ်ထပ် တည်းဖြစ်အောင် ရိုးရိုးရှင်းရှင်း သာ လုပ်ဖြစ်မည်ဟု ဆိုသည်။

‘‘ကိုယ်တွေကို ချစ်ပေးတဲ့ ပရိသတ်တွေကို အားလုံးကို ကျေး ဇူးတင်တယ်။ သုကိုလည်း ကိုယ်ရွေးချယ်ထားတဲ့ ချစ်သူအပေါ်မှာ ပရိသတ်က နားလည်ပေးတယ်၊ ခွင့်လွှတ်ပေးတယ်။ မင်းသမီး ရည်းစားထားလို့၊ မင်းသမီးစေ့ စပ်လို့၊ မင်းသမီးလက်ထပ်တော့ မှာမို့ အပြစ်မယူဘဲနဲ့ ခွင့်လွှတ် ပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်’’ ဟု ပိုင်ဖြိုးသုက ပြောသည်။

ပိုင်ဖြိုးသုသည် ရန်ကုန်တိုင်း ဒေသကြီးကျန်းမာရေးသံတမန် အဖြစ်မှ နုတ်ထွက်လိုက်ပြီ ဖြစ် သည်။

Loading...

Facebook Comments