တနင်္လာသားသမီးတို့ရဲ့ စိတ်နေ့စိတ်ထား နှင့် စိတ်သဘောသဘာဝ

တနင်္လာသားသမီးတို့ရဲ့ စိတ်နေ့စိတ်ထား

-တနင်္လာသားသမီး သတိုးသားဖြစ်စေ၊သတိုးသမီးဖြစ်စေ စိတ်သဘောထား သိမ်မွေးနူးညံနေမည်

-လူတစ်ဘက်သားကို ယဉ်ယဉ်ကျေးကျေး ပြောဆို ဆက်ဆံလိုစိတ်ရှိမည်။တစ်ဖက်သားအပေါ် သနားညာတာထောက်ခါးတတ်သူဖြစ်၍ ဗြုန်းကနဲ မရက်စက်နိုင်ပါ

-တည်တည်နေတတ်၊ရိုးသား၊ပျော်ပျော်နေတတ်ပြိး မပြတ်သားတတ်ပါ။အလွန်သံယောစဉ်ကြီးမားမည်

-လူတစ်ဖက်သား အပေါ်ခင်မင်လိုစိတ်၊တွယ်တာစိတ်၊ကြင်နာစိတ်၊သနားစိတ်များတတ်သည်။လုပ်မိလျှင်လည်း လမ်းဆုံးတိုင် လုပ်လိုစိတ်ရှိပြိး လုပ်ပြိးမှ ပြန်သနားနေတတ်သည်

တနင်္လာတွေ့က အေးအေးနေပြိး ကိုယ်ဖာသာကိုယ် ဖာသိဖာသာနေတတ်။မိမိအပျော်ကို မိမိဖာသာ ရှာတတ်သာ လူစားမျိုးပါ။စိတ်ချမ်းသာသလို နေတတ်သည်။ရှည်ရှည်ဝေးဝေး ဇီဇာမကြောင်တတ်ပါဘူး

-တနင်္လာတွေက စိတ်နှလုံးကောင်း၊စေတနာကောင်း၊သူများပေါ် အထူးကောင်းတတ်သည်။ကိုယ်အပေါ်တွင် မည်သိုမကောင်းသော်လည်း မိမိက ကောင်းစိတ်ရှိတတ်သည်။

-တနင်္လာတွေက ဖြတ်ထိုးဥာဏ်ကောင်းမည်၊ပညာမဲ့သူဖြစ်လျှင် တစ်ခုခုကို မြင်ရုံနှင့် တတ်မည် ဖြတ်ထိုးဥာဏ်ရှိတတ်သည်

-တနင်္လာတွေက စိတ်ထက်မြက်မည်၊မဟုတ်မခံစိတ်ရှိ၊မျိုးချစ်စိတ်ရှိမည်။မကြာခဏ စိတ်လိုက်မာန်ပါလညပ်တတ်ပြိး နောင်တရတတ်သည်

-တနင်္လာက စိတ်ထားရိုး၍ လူရိုးစိတ်တိုသဘောမျိုး၊မမှန်တာမလုပ်ပါ။မိမိကို မဟုတ်တာမမှန်တာလုပ်လျှင်လည် မကျေနပ်ပါ။စိတ်ဆိုးလွယ်ပြိး စိတ်ပြေလည်းလွယ်ပါသည်

-မည်မျှာအသက်ကြီးသူဖြစ်စေ၊ရာထူးဂုဏ်ကြီးသူဖြစ်စေ၊ တနင်္လာ၏စိတ် အမြဲတန်ကလေးဆန်နေမည်

-တနင်္လာက ငွေကြေးကပ်စေးနည်း၍ စည်းကမ်းရှိသောလည်း၊ လူတစ်ဖက်သားကို အလွန်သနယးလွယ်သဖြင့် လက်လွယ်နေတတ်သည်

-တနင်္လာတွေက အပေါ်အသင်းများတတ်သည်၊ပြေပြေပြစ်ပြစ် စကားပြောဆိုဆက်ဆံတတ်၍ မိမိကို လူတိုင်းက သဘောကျတတ်သည်။အနစ်နာခံစရာရှိရင်လည်း အနစ်နာခံတတ်သည်။ကျွေးမွေးစိတ်ရှိလျှင် မိမကဒိုင်ခံကျွေးမွေးလိုစိတ်ရှိတတ်သာ တနင်္လာတွေပါပဲ

-တနင်္လာသားသမီးများ မင်္ဂလာအပေါင်းနှင့်ပြည့်ကြပါစေခင်ဗျာ

ဗေဒင် နှင့် လက္ခဏာ

ဆရာဇော်ဝင်းထွး

Loading...

Facebook Comments