အရောင်စုံတဲ့ အာတာပူစီလေးစားပြီး ကလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတဲ့ မအေးသောင်း

သရုပ်ဆောင် မင်းသမီးချောလေး အေးဝတ်ရည်သောင်းဟာဆိုရင် ဟိုးအရင် ဗီဒီယိုဇာတ်ကားတွေ ခေတ်ထအောင်မြင်ကတည်းက အနုပညာလောကမှာ ကြင်လည်ကျက်စားပြီး အောင်မြင်ကျော်ကြားနေခဲ့ရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယခုအချိန်အထိ အောင်မြင်ကျော်ကြားပြီး နာမည်ကြီးလူကြိုက်များနေရတဲ့ မအေးသောင်းကတော့ အချိုးကျလှပတဲ့ စွဲမက်ဖွယ်ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတဲ့ အပျိုကြီးမမချောလေး တစ်ယောက်လည်းဖြစ်ပါတယ်။ ယခုအချိန်အထိ အပျိုကြီးဘဝနဲ့ လွတ်လွတ်လပ်လပ် ကြိုးစားရပ်တည်နေတဲ့ သူမကတော့ နွေးထွေးတဲ့ မိသားစုလေးနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဘဝကို ပျော်ရွှင်စွာဖြတ်သန်းရင်း အောင်မြင်မှုတွေကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ မအေးသောင်းကတော့ ယခုအချိန်အထိ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်ပြီး နာမည်ကျော်ကြား လူကြိုက်များခဲ့ရတဲ့ မအေးသောင်းကတော့ သူမကိုယ်တိုင်ပါဝင်ရိုက်ကူးထားခဲ့တဲ့ ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေ အကြိုက်တွေ့စေနိုင်လောက်အောင် ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ သရုပ်ဆောင်ပြသပေးထားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကတော့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ နာမည်ကြီးအကြိုက်တွေ့စေနိုင်ခဲ့တာပဲဖြစ်ပါတယ်။

သူမပါဝင်သရုပ်ဆောင် ရိုက်ကူးထားခဲ့တဲ့ ” မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ၄ပတ်တိတိ ရုံတင်ပြသနေရဆဲပဲဖြစ်ပါတယ်။ ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်များကတော့ အကယ်ဒမီ နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းသွေး၊ အကယ်ဒမီ ဖွေးဖွေး၊ အေးသောင်းတို့က တခြားအနုပညာရှင်များစွာတို့နဲ့အတူ အဓိကပါဝင်ရိုက်ကူးထားခဲ့ကြတာပဲဖြစ်ပါတယ်။

အသက် ၃၀ကျော်တဲ့ အရွယ်ကို ဖြတ်ကျော်လာခဲ့ပေမယ့်လည်း ကလေးတစ်ယောက်ကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွင်နေတတ်တဲ့ မအေးသောင်းကတော့ ” အာတာပူစီ တစ်ခု ၅၀၀ စားမလား??? ခုပြော ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။ အသက်ကြီးလာခဲ့ပေမယ့်လည်း ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ မအေးသောင်းရဲ့ ကြည်နူးစရာ ဘဝလေးကတော့ လေးစားအားကျစရာပါနော်။

အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးနေသေးတဲ့ အပျိုကြီးမမ မအေးသောင်းကို ဆက်လက်ပြီးချစ်ပေးအားပေးကြပါဦးနော်။ နောက်ရိုက်မယ့် ရုပ်ရှင်ကားကြီးတွေမှာလည်း ဘယ်လို သရုပ်ဆောင်မှုမျိုးတွေနဲ့ ဆွဲဆောင်ပြသသွားဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော် ချစ်တဲ့ပရိသတ်ကြီးရေ။

အာတာပူစီလေးစားပြီး ပျော်ရွှင်နေတဲ့ မအေးသောင်းရဲ့ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ထင်ပါတယ်။ ကလေးတစ်ယောက်လို လွတ်လပ်နေသေးတဲ့ မအေးသောင်းရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြဖို့ မမေ့နဲ့ဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : AyeThaung’s Facebook

Loading...

Facebook Comments