မော်လမြိုင်တွင် ကုန်ကားနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးစီးလာသောဆိုင်ကယ်တိုက် ယာဉ်ထိန်းသေဆုံး
5.12.2018 နေ့လည် ၁၂ နာရီကျော်ခန့်က မော်လမြိုင်မြို့ရှောင်လမ်းတွင် ၁၂ ဘီးကားနှင့် မော်လမြိုင်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်ကြီးမြင့်ကျော် မောင်းနှင်လာသော ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် သေ ဆုံးမှု ဖြစ်ပွားခဲ့ပါသည်။
အခင်းဖြစ်ရပ်သို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်၍ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်မှာရရှိထားသော ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားခဲ့ပါသည်။
ဝါရင့် စီနီယာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် ဆရာကြီးမြင့်ကျော်၏ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါကြောင်း။
Credit:Zin Moe
Loading...
Facebook Comments