မျက်နှာခွဲစိတ်ပြီးမှ မမှတ်မိနိုင်လောက်အောင် ပိုလှလာတဲ့ နန်းခင်ဇေယျ

မင်းသမီးချောလေး နန်းခင်ဇေယျာဟာ Miss ပြိုင်ပွဲတွေကနေတဆင့် လူသိများလာရပြီး အနုပညာလောကထဲဝင်ရောက်လာခဲ့သူလေးဖြစ်ပါတယ်။ သူမရဲ့ မူလအသက်မွေးဝမ်းကြောင်းအလုပ်က ဧည့်လမ်းညွှန်တစ်ဖြစ်ပေမယ့် သူမဟာ အနုပညာအလုပ်နဲ့ မစိမ်းပဲ ကြိုးစားလုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လဲ ပရိသတ်တွေက နန်းခင်ဇေယျာကို ချစ်ခင်အားပေးကြပြီး နန်းခင်ဇေယျာက အနုပညာနယ်ပယ်မှာ နေရာတစ်နေရာ အခိုင်အမာရရှိထားပါတယ်။

နန်းခင်ဇေယျာဟာ ရုပ်ရှင် ဗီဒီယိုဇာတ်ကားတွေ မြောက်များစွာ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။ နန်းခင်ဇေယျဟာ လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလိုလုပ်ကိုင်နေလျက်ရှိပါတယ်။ နန်းခင်ဇေယျာဟာ ရုပ်ရှင်ရိုက်ကူးနေရုံသာမကပဲ သူမနှစ်သက်တဲ့ သီချင်းဆိုခြင်းအလုပ်ကိုလဲ လုပ်ကိုင်နေလျက်ရှိပါတယ်။ နန်းခင်ဇေယျာက သူမရဲ့ တစ်ကိုယ်တော် သီချင်းခွေ “Non Stop” ကိုလဲ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကလဲ နန်းခင်ဇေယျာရဲ့ သီချင်းတွေကို အားပေးလက်ခံကြပါတယ်။

နန်းခင်ဇေယျာက မကြာသေးခင်ကပဲ ကိုရီးယားနိုင်ငံကို အလည်အပတ်သွားရင်း မျက်ရစ်နဲ့ နှာခေါင်းကို ခွဲစိတ်ခဲံပါတယ်။ နန်းခင်ဇေယျာဟာ သူမရဲ့နှာခောင်းက ဓာတ်ပုံရိုက်ရင် ပြားပြားကြီးဖြစ်နေပြီး မလှတဲ့အတွက် ခွဲစိတ်ခဲ့တယ်လို့ သိရပါတယ်။ သူမကိုယ်သူမ ယုံကြည်မှုရှိရှိနဲ့ ခွဲစိတ်ခဲ့ပြီး နန်းခင်ဇေယျာဟာ အရင်ထက် အများကြီး ပိုလှလာတာကို ပရိသတ်ကြီးတွေ့မြင်ရမှာပါ။ နန်းခင်ဇေယျာရဲ့ အရင်မျက်နှာပုံစံနဲ့မတူတော့တာကိုလဲ တွေ့နိုင်ပါတယ်။

နန်းခင်ဇေယျာက နဂိုလှပြီးသားဖြစ်ပေမယ့် သူမကိုယ်သူမ ပိုပြီးယုံကြည်မှုရှိအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ နန်းခင်ဇေယျာရဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအနေအထားကို သတိထားမိမယ်ထင်ပါတယ်။ နန်းခင်ဇေယျာအနေနဲ့ ခွဲစိတ်ထားတာ တစ်လကျော်ပဲ ရှိသေးလို့ ယောင်ယမ်းတာ အနည်းငယ်ရှိနေသေးပေမယ့် တော်တော်ကြီးတော့ လှပနေပါတယ်။

နန်းခင်ဇေယျာက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး နယ်ရှိုးတွေကိုလဲ လိုက်ဆိုနေလျက်ရှိပါတယ်။ နယ်မြို့တွေမှာလဲ နန်းခင်ဇေယျာကို အားပေးနေကြတဲ့ ပရိသတ်တွေ အမြောက်အများ ရှိနေကြပါတယ်။

ပရိသတ်တွေလဲ နန်းခင်ဇေယျာရဲ့ ပြောင်းလဲသွားတဲ့ ပုံလေးတွေကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နန်းခင်ဇေယျာကို ချစ်တဲ့ ပရိသတ်တွေလဲ ဒီပိုစ့်လေးကို သဘောကျနှစ်ခြိုက်ရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Saw
Source; Nan Khin Zay Yar’s fb

Loading...

Facebook Comments