သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင်

၎.၁၂.၂၀၁၈…..အပူတွေဝိုင်းနေတဲ့မိသားစုလေး…..

သားသမီး….၇…ယောက်ကို ဆိုက်ကားနင်းပြီးရှာကျွေးနေသူပါ

လွန်ခဲ့တဲ့နေ့က သူ့ကိုထီလက်မှတ်လေးလှူပေးပြီး…

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 3

အဆင်ပြေရင်မိသားစုကိုဘာကျွေးချင်လည်းဆိုတော့ဝက်သားနဲ့ကြော်တဲ့ခေါက်ဆွဲကျော်ဝယ်ကျွေးချင်တယ်ဆိုလို့ဝယ်ကျွေးဖြစ်ပါသေးတယ်

မိမိလှူတဲ့ထီလက်မှတ်လေးကသိန်းငါးရာဆုကိုနောက်နှစ်လုံးပဲလွဲတယ်တဲ့

ဒါကြောင့်ဒီနေ့…ထီထပ်လှူပေးဖြစ်ပါသေးတယ်သူဆိုက်ကားနင်းနေတုန်းဒီနေ့တော့…

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 4

သူ့ပတ်ဝန်းကျင်ကပြောပြလို့…သူ့အကြောင်းတွေအကုန်သိလာရတော့

စေတနာက…မနေနိုင်တော့ဘူးပေါ့

မိန်းမကဆေးရုံတက်နေရတယ်ပြန်ဆင်းလို့ရပြီပြန်ဆင်းဖို့အတွက်အလှူငွေထည့်ဖို့ဆိုက်ကားလိုက်နင်းနေရတယ်

ခု..၁၅၀၀…ရပြီ…ဆေးဖိုးအကြွေးနဲ့အလှူငွေ ၅၀၀၀…လောက်တော့ ထည့်ရမယ်…ဒါတင်လားဆိုတော့ မပြီးသေးဘူးဆိုက်ကား…

အုံနာခ တစ်လစာ…အကြွေးတင်နေလို့အုံနာကိုပတ်ပြေးပြီးဆိုက်ကားနင်းနေရတယ်

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 5

တွေ့ရင်ပြန်သိမ်းဖို့လိုက်ရှာနေပြီဒါတင်လားဆိုတော့.မပြီးသေးဘူးမနက်ဖြန်…၅…ရက်နေ့မှနောက်ဆုံးထားပြီး.အိမ်လခမပေးနိုင်ရင်…မနက်ဖြန်မနက်တံခါးလာပိတ်မယ်တဲ့

ဒါတင်မကသေးဘူးနောက်ဆေးဆိုင်ကဆေးအကြွေး ဆိုက်ကားနင်းပြီးလာပေးပါ့မယ်ဆိုယူထားတာမပေးနိုင်လို့..ရှေ့ကမဝင်ရဲဘူး

သူ့အဖြစ်တွေကိုကြားရတော့ဒါတွေတကယ်ဟုတ်ရဲ့လားဆိုတာသိလိုတဲ့အတွက်သူငယ်ချင်းတင်ဦးရယ်ညီတော်မောင်တိုးကြီးရယ်တုတ်တုတ်မောင်းတဲ့ဖက်တီးရယ်ခေါ်ပြီးလိုက်သွားကြည့်တော့အကုန်ဟုတ်နေတယ်

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 6

ဘာလို့ဂတိမတည်တာလည်းဆိုတော့သားသမီးငယ်လေး…၇…ယောက်နဲ့ဆေးရုံတက်နေရတဲ့…မိန်းမကိုအငတ်မထားနိုင်လို့ပါတဲ့မိမိစာနာနားလယ်မိသွားပါပြီ

ဒါကြောင့်….သူနင်းနေတဲ့ဆိုက်ကားအဟောင်းကြီးရဲ့အုံနာခ..တစ်လစာ..ရယ်အိမ်လခရယ်ဆေးဘိုးအကြွေးရယ်အပြင်သူ့မိန်းမဆေးရုံဆင်းနိုင်ဖို့တုတ်တုတ်ကားလေးနဲ့စီစဉ်ပေးပြီး..

သူ့အကြွေးတွေကိုတစ်သိန်းဖိုးလောက်ဆပ်ပေးဖြစ်တယ်

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 7

ကလေးတွေကိုဈေးဆိုင်တစ်ဆိုင်မှာကြိုက်တာကို ကြိုက်သလောက်စားဆိုပြီးဝယ်ကြွေးဖြစ်တယ်ပြီးတော့

သူ့ဆိုက်ကားအဟောင်းကြီးကိုအုံနာခတစ်လစာပေးပြန်အပ်ခိုင်းပြီးအတော်လေးကောင်းတဲ့ဆိုက်ကားတစ်စီးကိုညီတော်မောင်တိုးကြီးတို့ကိုစိတ်တိုင်းကြရွေးချယ်ခိုင်းပြီးအပြီးအပိုင်..ဝယ်ပေးလိုက်ပါတော့တယ်

သားသမီး (၇) ယောက်နဲ့ အကြွေးပတ်လည်ဝိုင်းနေပြီး ငှားထားတဲ့ အိမ်ပေါ်က ဆင်းရတော့မယ့် ဆိုက်ကားသမား မိသားစုလေးရဲ့ ကယ်တင်ရှင် 8

ဒီလိုမှမကူညီရင်ဆိုက်ကားလည်းအသိမ်းခံရမယ်အိမ်ပေါ်ကလည်းဆင်းပေးရမယ်ဆိုရင်..ဒီမိသားစုလေး.နေစရာစားစရာ…ဒုက္ခရောက်ပြီပေါ့

ဒါကြောင့်ဒီနေ့မိသားစုလေးတစ်စုရဲ့ဝိုင်းနေတဲ့…အကြွေးအပူတွေကိုဆပ်ပေးလိုက်တဲ့အပြင်ဆိုက်ကားလေးတစ်စီးပါဝယ်လှူပေးဖြစ်လိုက်တယ်ပေါ့

ထိုထိုကောင်းမှုအကြောင်းပြုနတ်လူသာဓုခေါ်စေသော်

နှလုံးသားမေတ္တာရှင်

Credit: သမီးလေး

Loading...

Facebook Comments