ဇာတ်ကောင်စရိုက်ပီပြင်ဖို့အတွက် အစာအဟာရဖြတ်တောက်ပြီး အိပ်ရေးပျက်အောင် နေခဲ့ရတဲ့ ကျော်ကျော်ဗိုလ်

သရုပ်ဆောင် မင်းသား ကျော်ကျော်ဗိုလ်ဟာဆိုရင် အနုပညာမျိုးရိုးကနေ ဆင်းသက်လာခဲ့တဲ့ အနုပညာရှင်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာဆိုရင် တစ်ခေတ်တစ်ခာက နာမည်ကြီးခေတ်စား ဇာတ်သဘင်မျိုးရိုးကြီးတစ်ခုဖြစ်တည်ခဲ့တဲ့ ပန်တျာ ဘဘရွှေမန်း ဦးတင်မောင်ရဲ့ မျိုးဆက်သစ်လေးတစ်ယောက် လည်းဖြစ်ပါတယ်။ အနုပညာ သရုပ်ဆောင် မျိုးရိုးမှာဆိုလည်း ထပ်ဆင့် အကယ်ဒမီ ၇ဆုရှင် ဦးညွန့်ဝင်းရဲ့ တူတော်မောင်အရင်းတစ်ယောက်ပဲဖြစ်ပါတယ်။

အနုပညာမျိုးရိုးကြီး တစ်ခုကနေ ဆင်းသက်လာခဲ့တဲ့ ကျော်ကျော်ဗိုလ်ဟာဆိုရင်လည်း ဘက်စုံစွယ်စုံရတဲ့ အနုပညာသမားတစ်ယောက်ပါ။ သူဟာဆိုရင် မင်းသားဝတ်စုံနဲ့ နှစ်ပါးကပြဖျော်ဖြေပေးတတ်တဲ့ မင်းသားတစ်ယောက်ဖြစ်သလို ပရိသတ်တွေ တသောသော ရယ်မောပျော်ရွှင်နိုင်အောင် လူရွှင်တော်ဝတ်စုံနဲ့ လူပျက်တစ်ယောက်လုပ်ပြီး ရယ်စရာများကို အာပူစမ်းဥာဏ်နဲ့ တီထွင်ဖန်တီးပြီး ဖျော်ဖြေပေးနိုင်ခဲ့တဲ့ သူလေးတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။

ကျော်ကျော်ဗိုလ်ဟာဆိုရင် အနုပညာလုပ်ရှားမှုပိုင်းမှာလည်း ပြောပြစရာမလိုလောက်အောင် သရုပ်ဆောင်ပြသပေးနိုင်ခဲ့တဲ့ သူလေးတစ်ယောက် ပဲဖြစ်ပါတယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာဆိုလည်း ပီပြင်တဲ့ပြကွက်တွေနဲ့ အပီအပြင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ရင်ထဲက အကယ်ဒမီဆုကြီးကိုပါ မှန်းဆထားခြင်း ခံခဲ့တာပဲဖြစ်ပါတယ်။

သူဟာဆိုရင် ” မုန်းစွဲ ” ရုပ်ရှင်ကားကြီးမှာ ပါဝင်ရမယ့်နေရာနဲ့ ဟန်ချက်ညီညီ သရုပ်ဆောင်ပြသပေးနိုင်အောင် အစာအဟာရဖြတ်တောက်ပြီး အိပ်ပျက်စားပျက်နေခဲ့ရတဲ့အကြောင်းနဲ့ အရမ်းကို အကြည့်ရဆိုးသွားရတဲ့ သူ့ရုပ်အကြောင်းကို ” ဆိုးလိုက်တဲ့ရုပ်ကွာ 😁 တခါတလေ ဇာတ်ကောင်စရိုက်အတွက် ရုပ်ချဖို့ဆိုတာ ကိုယ့်ကိုကိုယ် အစာအဟာရ ဖြတ်တောက်တတ်ရမယ် …. အိပ်ရေးပျက်အောင်နေတတ်ရမယ် …. ကိုဖိုးအောင်ကိုယ်စား သရုပ်ဆောင်စဉ်အမှတ်တရ ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။

သရုပ်ဆောင်ဆိုတာ တစ်ယောက်ထဲလည်း အိုက်တင်တွေလုပ်တတ်ရတဲ့အကြောင်းလေးကို ” အိုက်တင်ဆိုတာ တခါတလေ တစ်ယောက်တည်း လုပ်ရတတ်တာမျိုး…. ကျွန်တော်ခင်ဗျားကို တကယ်သနားတယ် ကိုဖိုးအောင် … တကယ်ပါ ” ဆိုတဲ့ စာသားလေးနဲ့ ကိုဖိုးအောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားရတဲ့ သူ့ကိုယ်သူ သနားမိတယ်ဆိုတဲ့ အကြောင်းလေးကိုပါ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးနေဆဲဖြစ်တဲ့ ကျော်ကျော်ဗိုလ်ကတော့ မကြာသေးခင်ကမှ မိသားစုနဲ့အတူ ထိုင်းနိုင်ငံကို အလည်သွားရောက်နေခဲ့တာပဲဖြစ်ပါတယ်။ ယနေ့မနက်ပိုင်းမှာ ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ” ပုံရိပ် ” ရုပ်ရှင်ကားကြီး ကန်တော့ပွဲပေးပွဲကိုလည်း ကျော်ကျော်ဗိုလ်က တက်ရောက်ဂါရဝ ပြုပေးခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကောင်စရိုက်ပီပြင်နိုင်ဖို့အတွက် ပုံစံတွေပြောင်းလဲပစ်ခဲ့ရတဲ့ ကျော်ကျော်ဗိုလ်ရဲ့ အနုပညာချစ်စိတ်ကို လေးစားအားကျ သဘောကျမိတယ်ဆိုရင် မျှဝေပြီးအားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Kyaw Kyaw Bo’s Facebook

Loading...

Facebook Comments