ဖခင် ကြီးရဲ့ ရုပ်အလောင်းကိုကြည့်ပြီး ပူဆွေးနေတဲ့ ချစ်ချစ်ဇော် နဲ့ လင်းဇာနည်ဇော်တို့ညီအစ်မ

နိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာ ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးဘုရားဒါယိကာ ၊ သိမ်ကျောင်းဒါယိကာ ရုပ်ရှင်ဒါရိုက်တာ ဦးခင်ဇော်(ကေသီပန်ရုပ်ရှင်) အသက်(၉၁)နှစ် ဟာဆိုရင် (၃.၁၂.၂၀၁၈)ရက်နေ့ ည (၁၁း၅၅)နာရီ နေအိမ်မှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ပိုးလေးတစ်ကောင်လို အရိပ်တစ်ကြည့်ကြည့် နဲ့ ပြုစုစောင့်ရှောက်ခဲ့ ကြတဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မကတော့ ဖခင်ကြီးရဲ့ ရုပ်အလောင်းကို ကြည့်ရင်း ပူဆွေးနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးအတွက် ချစ်ချစ်ဇော် တို့ဖခင်ကြီး ရဲ့ ရုပ်အလောင်းပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးကွယ်လွန်ချိန်တွင် ညီအစ်မနှစ်ယောက်က ပိုးကောင်လေးလိုတယုတယ ပြုစုလာရင်း တစ်ချိန်မှာ ခွဲခွာရမှာသိပေမယ့် ရုပ်တရက် ကွယ်လွန်သွားတာကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတာပါ။ ဖခင်ကြီးကွယ်လွန်ချိန်မှာ အစ်ကိုကြီးဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း အနားမှာ မရှိတာကြောင့် ညီအစ်မနှစ်ယောက်က ပိုပြီးပူဆွေးနေရတာပဲ ဖြစ်ပါတယ်။

တပည့်များစွာ နဲ့ အနုပညာရှင် လောကသားတိုင်းကလည်း ဒါရိုက်တာကြီး ဦးခင်ဇော်ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေကြတာပဲပရိသတ်ကြီးရေ ။ဦးခင်ဇော်(ကေသီပန်ရုပ်ရှင်)ရဲ့ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)က နေအိမ်မှ ရေဝေးသုဿန် အအေးခန်းကိုပို့ဆောင်ကူညီခဲ့ကြပြီးဈာပနအခမ်းအနားကို (၇.၁၂.၂၀၁၈)သောကြာနေ့ (၂း၀၀)အချိန်မှာ ဂူသွင်းသဂြိုလ်မှာ ဖြစ်ကြောင်းသိရပါတယ်။

ဒါရိုက်တာမိုက်တီး ၊ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင် ကြီးကွယ်လွန်သွားတာကြောင့် မိုမိုလေး မိသားစုမှလည်း မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;နာရေးကူညီမှုအသင်း (ရန်ကုန်)

Loading...

Facebook Comments