ဖွေးဖွေးကတော့ သူမရဲ့အောင်မြင်မှုမှာ လျှို့ဝှက်ချက်မရှိဘူးလို့ ပြောပြလာ

မြန်မာရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသမီး လဲ ပရိသတ်တွေအရမ်းချစ်တဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ ဖွေးဖွေးက တစ်နေ့ထက်တစ်နေ့၊ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး အောင်မြင်မှုတွေရရှိလာပါတယ်။ သူမရဲ့ အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ ဘာလျှို့ဝှက်ချက်မှမရှိကြောင်း နဲ့ ပရိသတ်တွေအပေါ် စေတနာထားတဲ့ အကျိုးကြောင့် အောင်မြင်မှုရတာဖြစ်တယ် လို့ပြောပါတယ်။ သူမဟာ လက်ရှိမှာ အကယ်ဒမီ ၂ခုနဲ့ အောင်မြင်မှုတွေ ရရှိနေပြီး သူမရိုက်ကူးတဲ့ရုပ်ကားတိုင်းကလဲ ဟာကွက်မရှိကောင်းမွန်လှပါတယ်။

သူမပြောပြလာတာကတော့ “ဖွေးအနေနဲ့ အောင်မြင်မှုကို ထိန်းထားတဲ့ လျှို့ဝှက်ချက်ဆိုတာမျိုးတော့မရှိပါဘူး။ ကိုယ့်ရိုက်တဲ့ဇာတ်ကားတိုင်မှာ ပရိသတ်တွေအပေါ် စေတနာထားပြီး အလုပ်ကိုကြိုးစားလုပ်တယ်။ဇာတ်ကားတွေကို သေချာစိစစ်ရိုက်ကူးပါတယ်။ ပရိသတ်တွေအပေါ် စေတနာထားလုပ်တဲ့ အကျိုးကျေးဇူးကြောင့် ပရိသတ်တွေကလည်း ဖွေးကိုပြန်ချစ်ပြီအားပေးကျတယ်လို့မြင်ပါတယ်။ အောင်မြင်မှုကို ငါဘယ်လိုထိန်းရမယ်ဆိုပြီး တမင်လုပ်တာမျိုးတော့မရှိပါဘူး။ အဲ့ဒီလိုမျိုးလည်း တစ်ခါမှမတွေးဖူးပါဘူး။ ကိုယ်ကျတဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်မယ်။ပရိသတ်တွေရဲ့ အားပေးမှုကျေးဇူးတရားကို စေတနာထားအလုပ်ကြိုးစားမယ် ဆိုတာလောက်ပဲရှိပါတယ် “လို့ ဖွေးဖွေးကဆိုပါတယ်။

သရုပ်ဆောင်ဖွေးဖွေးအနေနဲ့ ဇာတ်ကားတွေကို သေချာစိစစ်ရိုက်ကူးနေပြီ ပရိသတ်တွေအတွက်ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားကောင်းလေးတွေကိုပဲ ဖန်တီးရိုက်ကူးချင်တယ်လို့ ဆိုပါတယ်။ မြန်မာရုပ်ရှင်လောကမှာ အချို့အနုပညာရှင်တွေ့ဟာ အောင်မြင်မှုရပြီ မကြာခင်အချိန်တွင်းမှာ ပရိသတ်တွေရှေ့က ပျောက်ကွယ် သွားလေ့ရှိတာကြောင့် အနုပညာလောကမှာ နေရာတစ်ခုကိုကြာရှည်ရပ်တည်နိုင်ဖို့မလွယ်ဘူးလို့ ဆိုခဲ့ပါသေးတယ်။

လက်တလောမှာတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မုန်းစွဲဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသခဲ့ပြီးဖြစ်ကာ ကြိုက်နှစ်သက်သူတွေလဲ များခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သရဲကားတစ်ကားလဲ မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖွေးကိုချစ်တဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါနော်။

KKK(momolay)
Source – phwayphway’s fb

Loading...

Facebook Comments