ထိပ်ထားလေးကို ဝေဖန်ပြောဆိုကြတာတွေနဲ့ပတ်သက်ပြီး ရင်ဖွင့်လာတဲ့ ထိပ်ထားလေးရဲ့ မိခင်

ထိပ်ထားသခင်လေးကတော့ လူမှုကွန်ယက်ပေါ်မှာ စကားအရမ်းပြောတတ်လွန်းလို့ ပရိသတ်တွေစတင်ပြီးသတိထားမိခဲ့သူလေးပါ။ မင်းသမီးလုပ်ရင် တီဗီထဲကို ဖောက်ဝင်ရမှာလားဆိုတဲ့စကားလေးကြောင့်ပရိသတ်တွေက သဘောကျခဲ့ကြသူပါ။ ထိပ်ထားလေးအကြိုက်ဆုံးမင်းသမီးကတော့ ဖွေးဖွေးဖြစ်ပြီး ထိပ်ထားလေးဟာလည်း ဖွေးဖွေး ငယ်ဘဝကပုံတွေနဲ့ တူနေတာကြောင့်လည်း ဖွေးဖွေးက ချစ်ခဲ့ရပါသေးတယ်။

ထိပ်ထားလေးဟာခုဆိုရင် ကြော်ငာတွေအပြင် ရုပ်ရှင်ကားကြီးတွေပါ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ရိုက်ကူးရမယ့် ရုပ်ရှင်ကားကြီးဟာ ကမ်းခြေမှာသွားရောက်ရိုက်ကူးရမှာဖြစ်တာကြောင့် ထိပ်ထားလေးအမေက ပြင်ဆင်ဖြစ်ပုံလေးတွေကို ပြောပြထားပါတယ်။

သူဘာတွေလုပ်မလဲတော့စိတ်လှုပ်ရှားနေတာပေါ့ အဲဒါလေးတစ်ခုပါပဲ နောက်ပြီး သူ့ကျန်းမာရေးလေးလည်း ပြင်ဆင်သွားရမှာ သူက တခြားထွေထွေထူးထူးတော့မရှိဘူး နှာစေးချောင်းဆိုးခဏခဏဖြစ်တယ် သူက ကြပ်တတ်တော့ ဆေးတွေ ဘာတွေလည်း ရှုရတယ် အဲဒါလေးတွေပြင်ဆင်ပြီးယူသွားရမှာပေါ့။

ဒါ့အပြင်ထိပ်ထားလေးကို ချစ်ကြတဲ့အတွက်လည်း မိခင်တစ်ယောက်အနေနဲ့ ဝမ်းသာကြောင်းကို ပြောပြထားပြီးတော့ ထိပ်ထားသခင်လေးဟာ အရမ်းတတ်တာကြောင့် အွန်လိုင်းပေါ်မှာ လူတချို့ရဲ့ တိုက်ခိုက်ဝေဖန်တာတွေကိုလည်းခံရပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက စိတ်မကောင်းဘူးလို့ ရင်ဖွင့်လာပါတယ်။

စစတုန်းက သိသိချင်းတုန်းက အဲလိုဖတ်ရတုန်းကဆို အရမ်းကို စိတ်တို ဒေါသတွေလည်းဖြစ်မိတာပေါ့နော်။ ကိုယ်က မိခင်တစ်ယောက်ဆိုတော့လေ ဒါပေမယ့်လည်း စဉ်းစားလိုက်ပါတယ်။ ဒါမျိုးက တစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းတော့ မတူဘူးပေါ့နော်။ ကိုယ့်သမီးလေးကိုပဲ အကုန်လုံးက ဝိုင်းပြီးချစ်ရမယ်လို့မဆိုလိုပါဘူး။ ချစ်တဲ့လူရှိသလို မချစ်တဲ့လူတွေလည်း ရှိတာပေါ့နော်။ တရားသဘောနဲ့ပဲဖြေရတာပေါ့ဆိုပြီး သမီးလေးနဲ့ပတ်သက်တဲ့ခံစားချက်လေးကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။We Love Cele

Source-Cele 7 အင်တာဗျူးမှဖြေကြားချက်အချို့ကိုကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Photos-We Love ထိပ်ထားသခင်

Loading...

Facebook Comments