ဝိညာဉ်တွေ ငြိတွယ်နေတဲ့ ဖြစ်ရပ်မှန်ဆန်ဆန် ရိုက်ကူးထားတဲ့ “လိပ်ပြာစံအိမ်”

ပရိသတ်တွေနဲ့ စိမ်းစိမ်းကားကြီးမဖြစ်ဘဲ မြန်မာနိုင်ငံနဲ့လဲ ရင်းနှီးကျွမ်းဝင်လှတဲ့ ထိုင်းနိုင်ငံသား ဒါရိုက်တာချာချိုင်းက အများနဲ့ မတူလှတဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကို ဖန်တီးလိုက်ပြန်ပါပြီ။ အဆိုပါဇာတ်ကားမှာ ချောက်ခြားဖွယ်ရာနဲ့ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ၀ိညာဉ်ကားတစ်ကားကို ဖန်တီးပုံဖော်ထားပါတယ်။ သူဟာ မိသားစုတိုင်း မှာ သတိရစရာ အမှတ်တရတွေရှိပါတယ်။ အမှတ်တရရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာလဲ ငြိတွယ်တတ်တဲ့ ဝိညာဉ်တစ်ခုစီရှိတတ်ကြတယ်။ ဘယ်လိုသတိရစရာတွေ၊ ဘယ်လိုဝိညာဉ်တွေ ငြိတွယ်နေလဲဆိုတာ ကိုပုံဖော်ရိုက်ကူးထားတာဖြစ်လို့ အရမ်းကိုစိတ်ဝင်စားစရာကာင်းနေမှာတော့ အမှန်ပါဘဲ။

ဒါရိုက်တာပြောပြတဲ့ ဇာတ်ကားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ” ကျွန်တော့်အနေနဲ့ တစ်နှစ်မှ ရုပ်ရှင်တစ်ကားရိုက်ဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထွက်လာဖို့ ဆိုရင် အနုစိတ်ကျကျနဲ့ သေသေချာချာအချိန်ယူရိုက်ရပါတယ်။ လိပ်ပြာစံအိမ် ဆိုရင် ဘန်ကောက်မှ မန္တလေးသို့ ကားရိုက်တာထက်တောင် ပိုခက်ခဲခဲ့ပါတယ်ခင်ဗျာ။ CGI effect တွေအပြင် အသံပိုင်းဆိုင်ရာ တည်းဖြတ်ခြင်း၊ နောက်ခံတေးဂီတ စသဖြင့် သေချာပြုလုပ်ထားပါတယ်။ ရုပ်ရှင် တည်းဖြတ်ခြင်းတစ်ခုတည်းနဲ့ပဲ အချိန်အများကြီးယူခဲ့ရပါတယ်။ နောက်ဆုံး ဆင်ဆာဖြတ်တဲ့အချိန်ထိ (ဆင်ဆာ တစ်ခုတည်းကိုပဲ Version 3 မျိုး) Version ၁၀ခု ၁၅ခုလောက်အဆင့်ဆင့် ကြိုးစားခဲ့ပါတယ်။ လိပ်ပြာစံအိမ်တစ်ဖွဲ့သားလုံးက ပရိတ်သတ်ကို ဇာတ်ကားကောင်းတစ်ခုပေးချင်တဲ့စိတ်တစ်ခုတည်းအခြေခံပြီး ရုပ်ရှင်ဖန်တီးခဲ့ကြတာပါ။ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ကျွန်တော် အမြဲတမ်း ဇာတ်ကားကောင်းကိုသာမျှော်လင့်တယ်။ လိပ်ပြာစံအိမ် ဒါရိုက်တာအနေနဲ့လည်း မြန်မာပရိတ်သတ်က ကျွန်တော်တို့ဆီကအကောင်းဆုံးနဲ့သာထိုက်တန်ပါတယ်။ ဆက်လက်ပြီးထွက်မဲ့ရက်အထိစောင့်မျှော်ပေးကြပါဦးခင်ဗျာ ” ဆိုပြီးရေးသားထားပါတယ်။

ဒါရိုက်တာက ဒေါင်း ရဲ့ သရုပ်ဆောင်မှုအပိုင်းကိုလဲ “သရုပ်ဆောင် ဒေါင်းဟာ သိပ်တော်သူတစ်ယောက်ပါ။ သူ့ ဇာတ်ကောင်ကို စိတ်ရောကိုယ်ပါ နှစ်မြုပ်ပြီး သရုပ်ဆောင်ခဲ့တယ်။ အလုပ်အပေါ်တန်ဖိုးထားတဲ့အပြင် စိတ်ရှည်ပြီး အာရုံစူးစိုက်မှုလည်းသိပ်ကောင်းတယ်။ (အက်မင်ဖြည့်စွက်ချက်-ခန့်ညားချောမောတာတော့ အထူးပြောစရာမလို)ရိုက်ကွင်းမှာ သူကင်မရာကိုင်တဲ့ ပုံစံက သိပ်ကိုကြည့်ကောင်းပါတယ်။ လိပ်ပြာစံအိမ်မှာဆိုရင် ကိုလိုနီခေတ်ကဆောက်ခဲ့တဲ့ အိမ်ကြီးကို ပိုင်ဆိုင်သူ အပျော်တမ်းဓာတ်ပုံဆရာတစ်ယောက် အဖြစ်သူ့ကိုစိတ်ကူး နဲ့ပုံဖော်ခဲ့ပေမဲ့ ရေနံချောင်းတကယ်ရောက်တဲ့အခါ တကယ်ပဲ အဲ့လိုအိမ်ကြီးရှိတဲ့အပြင် အိမ်ပိုင်ရှင်က ဓာတ်ပုံပညာရူးသွပ်သူတစ်ယောက်… အိမ်ထဲမှာ ဓာတ်ပုံစတူဒီယိုခန်းကိုထည့်ဆောက်ထားပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားမှာ နိုင်နိုင်း၊ဒေါင်း နဲ့ ၀တ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး ကလေးသရုပ်ဆောင်အဖြစ် ပြည့်ပြည့်တို့က အကောင်းဆုံး ပုံဖော်ထားကြတာလဲ ဖြစ်ပါတယ်။လိပ်ပြာစံအိမ် – The Only Mom ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဟာ အဲ့ဒီရုပ်ရှင်ကားကြီးကို ရိုက်ကူးပုံဖော်ဖြစ်ပုံကိုလဲ ဖွင့်ဟပြောဆိုလာပါတယ်။ သူပြောပြခဲ့တာကတော့ “မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိခဲ့တဲ့ အချိန်ထဲက မြန်မာနိုင်ငံမှာ မတူညီတဲ့ ကမ္ဘာ နှစ်ခုရှိတယ်ဆိုတာ ကျွန်တော်ခံစားမိခဲ့တယ်။ သက်ရှိတွေရှင်သန်တဲ့ ကမ္ဘာနဲ့ ၀ိညာဉ်တွေ ရှင်သန်နေတဲ့ ပရလောက နှစ်ခု….. ဒီကမ္ဘာနှစ်ခုက အတူတကွတည်ရှိနေပြီးတော့ မျက်မြင်မရပေမဲ့ ဆက်သွယ်နိုင်ကြပါတယ်။ ကျွန်တော်တို့ ထပ်ပြီး နက်နက်နဲနဲလေ့လာခဲ့တဲ့ အခါ ၀ိညာဉ်နဲ့လိပ်ပြာ ဆိုတဲ့ စကားလုံးနှစ်လုံး ကိုသိနားလည်ခဲ့ရတယ်။ လိပ်ပြာက ခန္ဓာကိုယ်က နေခဏတာ ထွက်ခွာသွားတဲ့ နာမ်ဝိညာဉ်ကို ရည်ညွှန်းပြီး သူ့ရဲ့ သက်ရှိခန္ဓာကိုယ်ကို ပြန်ဝင်ရပါတယ်။ တစ်ခါတစ်ရံ လိပ်ပြာလွင့်စဉ်မှာ ပြန်ဝင်ဖို့ လမ်းဖွေရှာရသလို သက်ရှိကမ္ဘာမှ အကူအညီ လမ်းပြမှုများလည်း လိုအပ်ပါတယ်။

” ကျွန်တော် လိပ်ပြာစံအိမ်ရိုက်ကူးစဉ်မှာ ပရလောကအပေါ်ကျွှန်တော့်အမြင်ပြောင်းလဲခဲ့တယ်။ တကယ်ဆိုရင် မျက်စိနဲ့ မမြင်နိုင်တဲ့ မတူညီသော ရှုထောင့်များစွာ ကိုဆက်လက်လေ့လာဖို့ အများကြီး ရှိသေးသလို ကျွန်တော့ကိုလည်း ဒီအရာတွေယုံကြည်လာစေဖို့ လှုံ့ဆော်ခံခဲ့ရပါတယ်။ ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကား ထွက်ရှိပြီးနောက် ကျွန်တော် မြန်မာနိုင်ငံအနှံ့ Documentary တွေရိုက်ကူးဖြစ်ရင်း မြန်မာသူငယ်ချင်းများဖြစ်တဲ့ မေမျိုးဟန်၊နော်ခင်မြတ်မွန်တို့နှင့် လိပ်ပြာစံအိမ် ဇာတ်ညွန်းကို စိတ်ကူးပုံဖော်ရေးသားခဲ့ပါတယ်။ နတ်လောကနှင့် ဝိညာဉ်လောကအကြောင်းများနှင့် ပက်သက်ပြီး ဦးလှအေးထံ၌ အကြံဥာဏ်များရယူခဲ့ပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်သည် ၁၀၀ %မြန်မာစကားပြောလည်းဖြစ်ပါတယ်” ဆြို့ပီးပြောပြခဲ့ပါတယ်။

သီချင်းသံနဲ့တင် ကြက်သီးထသွားနိုင်တဲ့ သရဲကား

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ပြသသွားမှာဖြစ်လို့ စောင့်မျှော် အားပေးကြပါဦးနော်။

KKK(momolay)
Source – လိပ်ပြာစံအိမ် – The Only Mom’s fb

Loading...

Facebook Comments