YBS ယာဉ်လိုင်းပေါ်မှ ခါးပိုက်နှိုက်(၂)ဦးအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ မိမိတိုင်းဒေသကြီးအတွင်း ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းရေး တွန်းအားပေးဆောင်ရွက်သွား ရန် ညွှန်ကြားချက်အရ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် မှတ်တိုင်များ၊ လူစည်းကားသည့်နေရာနှင့် ဈေးများသို့ စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၈ ရက်နေ့ ၁၈၃၀ အချိန် လသာမြို့နယ်၊ (၂၂)လမ်း၊ မောင်ခိုင်ကားမှတ်တိုင်တွင် YBS ယာဉ်လိုင်း အမှတ်(၅၇)ပေါ်သို့ တက်နေသည့် အမျိုးသမီးတစ်ဦး၏ စလင်းဘတ် အိတ်အား ခါးပိုက်နှိုက်နေသည့် ကြည့်မြင်တိုင်မြို့နယ် ၊စက်ဆန် ရပ်ကွက်နေသူများဖြစ်သည့် ဖြူမ(၃၈)နှစ်နှင့် စိုးယုမော်(၄၃)နှစ်တို့အား  ဖမ်းဆီးရမိပြီး ဖြူမ ကိုင်ဆောင်ထားသော NEWYORK စာတမ်းပါ ဘေးလွယ်အိတ်(၁)လုံး၊ ငွေ(၄၀၅၀၀)ကျပ်တို့အား တွေ့ရှိသိမ်းဆည်း ခဲ့ကာ လသာမြို့မရဲစခန်းသို့ အရေးယူဆောင်ရွက်ရန် အမှုဖွင့်တိုင်တန်း ခဲ့ကြောင်း သတင်းရရှိပါသည်။

Loading...

Facebook Comments