ချစ်သူကို ဒေါ်လာသန်းနဲ့ချီ ထောက်ပံ့ခဲ့တဲ့ သူဌေးသား၊ ဒေဝါလီခံရချိန်မှာ လမ်းခွဲခြင်းကိုခံခဲ့ရ

ဒေါ်လာ သန်းနဲ့ချီပြီးကြွယ်ဝတဲ့ သူဌေးသားတစ်ယောက်ဟာ သူရဲ့ချစ်သူကို အမေရိကန်ဒေါ်လာ (၃၃)သန်း တန်ဖိုးရှိ လက်ဆောင်ပစ္စည်းတွေ၊ ကားတွေ၊ တိုက်ခန်းတွေ ဝယ်ယူပေးခဲ့ပါတယ်။ ဒါက သူက ချစ်လွန်းလို့ ချစ်သူကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ လုပ်ပေးခဲ့တာပါ။ သူမရဲ့နာမည်ကိုတော့ Yang လို့သာ ဖော်ပြထားပါတယ်။

သူ အသုံးပြုတဲ့ ငွေပမာဏဟာ တရုတ်ငွေနဲ့ဆိုရင် (၂၃၆)သန်းကျော် ရှိပြီး၊ ဒီပမာဏကို စိတ်ရှိလက်ရှိ သုံးစွဲလိုက်ပြီးနောက်မှာတော့ သူ့မှာ ပိုင်ဆိုင်မှုဆိုလို့ ဘာမှမကျန်တော့ဘဲ တစ်ခါတည်း ဒေဝါလီခံလိုက်ရတဲ့ အဖြစ်ပါ။ အဆိုပါ အမျိုးသားဟာ တရုတ်လူမျိုးဖြစ်ပြီး တရုတ်နိုင်ငံ၊ Zhejiang စီရင်စု Hangzhou ပြည်နယ်မှ ဖြစ်ပါတယ်။

သူဟာ အသက်(၂၉)နှစ်ရှိဖြစ်ပြီး၊ အခုဆိုရင် ဒေဝါလီခံလိုက်ရခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ အမှုအခင်းကိုပါ ဆက်လက်ရင်ဆိုင်နေရပါတယ်။ သူရဲ့နာမည်ကတော့ Zhang Xiaoen လို့ သိရပြီး၊ သူဟာ မျိုးရိုးစဉ်ဆက်က ချမ်းသာတဲ့ဘဝက လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာသူပါ။

ဒါပေမယ့် နောက်ပိုင်းမှာ မ,ဘက်လိုက်ပြီးနောက် အမှန်တရားကို မဆင်ခြင်နိုင်တော့ဘဲ၊ အကြွေးတွေ တင်သွားခဲ့ပါတယ်။ အဖေဖြစ်သူကို ပြန်ဆပ်ဖို့အကြွေးတင်ကိုက ယွမ် သန်း(၇၀)ဖြစ်ပြီး၊ ဒီအကြွေးတွေကို ပြန်ဆပ်ဖို့အတွက် ချမ်းသာတဲ့သူငယ်ချင်းတွေဆီကနေ ငွေနည်းနည်းနည်းနည်း ချေးပြီး လောင်းကစားလုပ် အစပွားဖို့ ကြိုးစားခဲ့ရာ နောက်ထပ် ယွမ် သန်း (၁၇၀)အထိ အကြွေးတင်သွားပါတော့တယ်။ နောက်ဆုံး ဒီပြဿနာတွေကြောင့် သူဟာ ထောင်နန်းစံရတော့မှာပါ။

ဒါပေမယ့် တစ်ချို့သတင်းတွေမှာတော့ Yang ဟာ မယားငယ်ဖြစ်ပြီး၊ Zhang မှာ မယားကြီးနဲ့ သားသမီးတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် Yang ကိုတော့ Zhang က အတော်လေးချစ်ပုံရပြီး၊ ဒေါ်လာသောင်းချီကုန်တဲ့ ခရီးစဉ်တွေ မကြာခဏသွားခဲ့ပါတယ်။ မက္ကာအိုမှာ ရောက်ရှိစဉ်က ချစ်သူ Yang က မြှောက်ပေးလို့ လောင်းကစားလုပ်ခဲ့ရာ ဒေါ်လာ သိန်းချီ ရှုံးခဲ့သေးတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Credit :နတ်စည်တော် (MyanmarNote)

Loading...

Facebook Comments