ပရဟိတထူးချွန်ဆု ချီးမြှင့်ခြင်းခံရတဲ့ အနုပညာရှင်မျာ

Hope Charity Myanmar Foundation မှ လူမှုအကျိုးပြု ပရဟိတလုပ်ငန်းများဆောင်ရွက်နေတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပေးအပ်ခဲ့တဲ့ဆုတွေကတော့ Hope Charity Icon Award (လူမှုအကျိုးပြု ပရဟိတထူးချွန်ဆု) နဲ့ Hope Charity Ambassador Award (လူမှုအကျိုးပြု ပရဟိတဂုဏ်ထူးဆောင် သံအမတ်ဆု) ကိုပေးခဲ့တာပဲ ဖြစ်ပါတယ်။

လူမှုအကျိုးပြုပရဟိတထူးချွန်ဆုကို အကယ်ဒမီဝေဠုကျော် (ဝေဠုကျော် ဖောင်ဒေးရှင်း)၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ (ခိုင်နှင်းဝေ ဖောင်ဒေးရှင်း) နဲ့ ရုပ်ရှင်သရုပ်ဆောင် မိုခမ်း M.R.C.S တို့က ရရှိခဲ့ပြီး လူမှုအကျိုးပြု ပရဟိတ ဂုဏ်ထူးဆောင် သံအမတ်ဆု ကိုတော့ တေးသံရှင် ယဉ်မျိုးသူ (မိသားစုအနုပညာ) က ရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ (၃) ရက်နေ့၊ ညနေပိုင်းမှာ ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ Sky Star Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Credit :Pissaya News

Loading...

Facebook Comments