သေရမယ့်အချိန်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်

ဒီဇင်ဘာ(၂) ရက်နေ့က ဟာသ သရုပ်ဆောင်ကစ်ကစ် ဆေးရုံတက်ရတာ တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကျန်းမာရေး လုံးဝပြန်လည်ကောင်းမွန်လာတာ မဟုတ်ပေမယ့် သေရမယ့်အချိန်တစ်ခု ကို ဖြတ်ကျော်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးကို လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သရုပ်ဆောင် ခင်သဇင်ရဲ့ Facebook စာမျက်နှာမှာတော့ “မကစ်ကိုယ်တိုင်ကလည်း ၇ ရက်သားသမီးတွေကို ပန်းလိုမွှေးပြီး ရေလိုအေးစေဖို့ ဆုတောင်းပေးနေကြောင်း စကားပါးလိုက်ပါသေးတယ်လို့ ရေးသားထားတာလည်း တွေ့ရပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်ဟာ အခုဆိုရင်တော့ အဆုတ်ရောဂါ အခြေအနေက ပြသာနာမရှိတော့ပေမယ့် နှလုံးကတော့ ပုံမှန်အလုပ်လုပ်ဖို့ ခက်ခဲနေတာကြောင့် ဆရာဝန်တွေက စောင့်ကြည့်ခိုင်းဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Credit :Pissaya News

Loading...

Facebook Comments