အမျိုးသားတဦး KTV တွင်သီချင်းဆိုရင်းသေဆုံး

စစ်ကိုင်းမြို့ K.T.V စားသောက်ဆိုင်တဆိုင်တွင် အမျိုးသားတဦးသည် သူငယ်ချင်းများနှင့်အတူ သီချင်းဆိုရင်းမှ ရုတ်တရက်သေဆုံးမှု ဒီဇင်ဘာလ ၃ ရက် ညနေ ၅း၃၀ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဦးခင်မောင်သန်း အသက် ၆၂ နှစ်ဟုသိရပြီး မြေအရောင်းဝယ်လုပ်ငန်းလုပ်သူတဦးဖြစ်ကြောင်း၊ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုခံယူနေသူဖြစ်ပြီး မိတ်ဆွေ သူငယ်ချင်း ၁၅ ဦးခန့်ဖြင့် သီချင်းဆိုရင်း စားကြသောက်ကြရာ သေဆုံးသူကိုယ်တိုင် သီချင်း ၃ ပုဒ်သီဆိုအပြီးတွင် ရုတ်တရက် ခေါင်းငိုက်ကျသွားခဲ့ကြောင်း၊ သူငယ်ချင်းမိတ်ဆွေများမှ လှုပ်နှိုးသော်လည်း သတိပြန်မလည်၍ စစ်ကိုင်းမြို့နယ်ဆေးရုံသို့ အမြန်တင်ပို့ခဲ့ကြသော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးခင်မောင်သန်းမှာ ပျော်ပျော်နေတတ်သူတဦးဖြစ်ပြီး စိတ်သဘောကောင်းသူဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင်နေထိုင်သူဖြစ်ကြောင်း၊ သေဆုံးမှုအား စစ်ကိုင်းမြို့မရဲစခန်း၌ သေမှုသေခင်းဖြင့် အခင်းဖြစ်ပွားခီန်အတူရှိနေသူတဦးက ပြောသည်။

စိုင်းထူးခန့်

Loading...

Facebook Comments