ဆွေမျိုးကို ​လေအိုး​ပေးပြီး နှစ်​သိမ့်​လိုမရဘူး ​ငွေအိုး​ပေးနိုင်​မှ ​ဆွေမျိုးကချစ်​ပြလိမ့်​မယ်

ဆွေမျိုးကို ​လေအိုး​ပေးပြီး နှစ်​သိမ့်​လိုမရဘူး

ငွေအိုး​ပေးနိုင်​မှ ​ဆွေမျိုးကချစ်​ပြလိမ့်​မယ်

ငွေဒင်္ဂါးကို ​ထွေခင်းပြလိုက်

ကွေကွင်းမသွားပဲ စံမြန်းပြလိမ့်​မယ်

ရွှေနဲ့ ​ငွေသာပြလိုက် ​ဆယ်​ဝမ်းကွဲ​တော်​​နေပါ​စေ

တစ်​ဖင်​ထဲ ​မွေးထားသလိုချစ်ပြလိမ့်​မယ်

ငွေမရှာ နိုင်​လို့ က​တော့

ပေတစ်ရာေ​ပါ် ​ငွေအသပြာမပါပဲ

သေသွားကြည့်​ ငိုမယ့်​သူ​ရောက်​မလာဘူး

စု​ဆောင်း​ငွေမရှိလို့ က​တော့

အိုဇာ မ​ပြောနဲ့ ငိုတာ​တောင်

မျက်​ရည်​​ပေါ​ နေလားလို့ ​လာမေးလိမ့်​မယ်

ထိုင်​စားဖို့ ​နေ​နေသာ ငိုင်​​နေရင်​​တောင်

အား​နေလား လို့ ​မေးသွားလိမ့်​မယ်

ကြည်​ဖြူဖို့ ​အသာထားလိုက်

ငြူစူရင်​​တောင်​ မျက်​​စောင်းကထိုးချင်​​သေးတယ်

ရွှေမရှိ​ ​ငွေမရှိရင်

လမ်း​ပေါ်​ရောက်​သွားရင်​​တောင်

လှမ်း​ခေါ်ထားမယ့်​သူမရှိဘူး

ငွေမရှိရင်​ တခြားသူနဲ့ အူတိုဖို့ မ​ပြောနဲ့ 

လူပို လို့ သတ်​မှတ်​ပြီး တစ်​​နေ့ ကို ၃ကြိမ်​​လောက်

သင်္ချိုင်း ကို မျက်​​စောင်းထိုးပြီး ပို့ ​နေတာ

အ​ဖြေရှာကြည့်​ ​သေရာထိ ​ငွေမရှိရင်

အ​ကျွေးအ​မွေး​တောင်​ တင့်​တယ်​​အောင်​မလုပ်​​ပေးဘူး

ဘယ်​​လောက်​ပဲ ထက်​မြက်​ပါ​စေ

အ​ထောက်​ပံ့ မ​ပေးလို့ က​တော့

အသက်​ရှိတယ်​လို့ ​တောင်​ မသတ်မှတ်​ဘူး

မေတ္တာ သစ္စာ ​တွေကို ခဏထားလိုက်

ချစ်​စရာ ​ငွေ မရှိရင်​ မိသားစုထဲ ​မှာ ​တောင်​ လူရာမဝင်​ဘူး

ရွှေအ​ကြောင်း ဖ​ယောင်း သိသလို

ငွေ အ​ကြောင်းသိချင်​တယ်​ဆိုရင်

ဆွေမျိုးဘယ်​​လောက်​ ခင်​သလဲ​ ပေါ သလဲ

ဆိုတာနဲ့ သာ တိုင်းကြည့်​​ပေ​တော့

ဆိုလိုချင်​တာကေ​​ဆွမျိုးအသိုင်းဝိုင်းထဲမှာ

လူရာဝင်​ဆံ့​​စေဖို့ အတွက်​ဆိုရင်

ဒီ​ခေတ်​ကြီးထဲ မှာ ​ငွေရှာတတ်​ဖို့ လိုတယ်

ငွေမရှာတတ်​သူဟာ ဘာနဲ့ တူသလဲဆို​တော့

ငုတ်​တုတ်​ထိုင်​ပြီး အရှင်​လတ်​လတ်

သေ​နေတာနဲ့ တူတယ်​…

အခြွေအရံ ဆိုတာကလည်း

သူ​ခြွေနိုင်​မှသာ ကိုယ့်​ကိုယ်​လာပြီး

ရံထားတတ်​တာမျိုးပါ…

ဒါ​ကြောင့်​ ​ဆွေမျိုး​တွေချစ်​​အောင်

ငွေရှာနည်း​လေး​တော့

သင်​ထားကြပါ သူငယ်​ချင်း တို့…

မေတ္တာဖြင့်

Credit:ကိုရဲ(Barlarlar)

Loading...

Facebook Comments