ထောင်မှ လွတ်မည့် မြန်မာလုပ်သားကို ထိုင်းလက်ဝှေ့ကလပ် ကမ်းလှမ်း

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ထောင်ကျနေသော မြန်မာလုပ်သား သုံးဦးအနက် အသက် (၁၈) နှစ်အရွယ် မိုးဇင်အောင်သည် ယနေ့ (ဒီဇင်ဘာ၃ ရက်) တွင် လွတ်မြောက်မည်ဖြစ်ပြီး ထိုင်းလက်ဝှေ့ ကလပ်တစ်ခုက တစ်လလျှင် ဘတ်ငါးသောင်း (ကျပ်သိန်း ၂၀ ကျော်) ဖြင့်ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာဦးထူးချစ်က ပြော သည်။

မိုးဇင်အောင်သည် ရနောင်း မြို့ရှိ လူငယ်လေ့ကျင့်ရေးအ ကျဉ်းစခန်းတွင် နေထိုင်ရစဉ် အ သက်မွေးဝမ်းကျောင်း ပညာအ ဖြစ် လက်ဝှေ့ကစားနည်းကို သင်ယူခဲ့ပြီး ၂၀၁၇ ၌ ထိုင်းနိုင်ငံလူ ငယ်လေ့ကျင့်ရေးအကျဉ်းစခန်း ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ကြောင်း ၎င်းကပြော သည်။

‘‘လူငယ်လေ့ကျင့်ရေးစခန်း (ထောင်)ကို ရောက်ကတည်းက ထိုင်းလက်ဝှေ့ စသင်တယ်။ ထောင်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ တွေမှာ ဆုတွေရဖူးတယ်။ သူ့ရဲ့ လက်ဝှေ့ပညာကိုကြည့်ပြီး ထိုင်း လက်ဝှေ့ကလပ်တစ်ခုက လာ ကမ်းလှမ်းတာပါ။ ကျွန်တော်တို့ သေသေချာချာ လေ့လာပြီး စာ ချုပ်ချုပ်ဖို့ ကိစ္စတွေဆောင်ရွက် ပေးမှာပါ’’ဟု ၎င်းကဆက်လက် ပြောသည်။ FED အဖွဲ့သည် ရနောင်းလူသတ်မှုဖြင့် မြန်မာလူ ငယ်လေးဦးကို ထိုင်းရဲတပ်ဖွဲ့က စတင် ဖမ်းဆီးချိန်ကတည်းက လိုက်လံကူညီပေးနေသော အဖွဲ့ အစည်းဖြစ်သည်။

ရနောင်းမြို့တွင် ၂၀၁၅ စက်တင်ဘာ ၂၈ ရက်က (၁၈)နှစ်အ ရွယ် ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန် ကတုံးနှင့် ဝေလင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့သည်။

ထိုင်းကျောင်းသူ အသတ်ခံ ရမှုဖြင့် မြန်မာလုပ်သားလေးဦး ကို အပြစ်ရှိသည်ဆိုကာ ထိုင်း တရားသူကြီးက အမြင့်ဆုံး ပြစ်ဒဏ်ထောင်ဒဏ် ရှစ်နှစ်ချမှတ်ပြီး ဒဏ်ငွေဘတ် ၁၆ သိန်းကျော် (ကျပ်သိန်း ၇၀၀ ခန့်)ချမှတ်ခဲ့ သည်။ ဧပြီ ၁၉ ရက်တွင် ရနောင်းမြို့ တရားရုံး၌ ဖမ်းဆီးခံ မြန်မာလုပ်သားလေးဦးအနက် အသက်မပြည့်သေးသည့် မိုးဇင် အောင်နှင့် ကျော်စိုးဝင်းကို သီးခြားအမိန့်ချမှတ်ပြီး စိန်ကတုံးနှင့် ဝေလင်းကို ထိုင်းတရားသူကြီးက သီးခြားအမိန့်ချမှတ်ခဲ့သည်။

မိုးဇင်အောင်ကို ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေဘတ် ရှစ်သိန်းတစ်သောင်း(ကျပ်သိန်း ၃၇၀) ပြစ်ဒဏ်ချမှတ်ပြီး ကျော်စိုးဝင်း ကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်နှစ်သိန်းခုနစ်သောင်း (ကျပ် သိန်း ၁၀၀ ကျော်) ပြစ်ဒဏ်ချ မှတ်ခဲ့သည်။ ထို့အပြင် စိန်ကတုံး ကို ထောင်ဒဏ်ရှစ်နှစ်နှင့် ဝေလင်း ကို ထောင်ဒဏ်ခြောက်နှစ် ချမှတ် ပြီး ၎င်းတို့နှစ်ဦးကို ဒဏ်ငွေဘတ် ငါးသိန်းခုနစ်သောင်း(ကျပ်သိန်း ၂၀၀ ကျော်) ချမှတ်ခဲ့သည်။

ချုပ်ရက်များ ခံစားခွင့်ပြု သောကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည့် မြန်မာလုပ်သား ကျော်စိုးဝင်းသည် ယင်းနေ့တွင် ပင် လွတ်မြောက်လာသည်။ သို့ သော် ထိုင်းဥပဒေအရ အသက် မပြည့်သေးသူ ထောင်ချခံရပါက အသက်(၁၈)နှစ်ပြည့်လျှင် လွတ် မြောက်ခွင့်ရှိပြီး ထောင်လေးနှစ် ချမှတ်ခံရသော မိုးဇင်အောင် သည် အောက်တိုဘာတွင် (၁၈) နှစ်ပြည့်ခဲ့၍ ဒီဇင်ဘာ ၃ ရက် တွင် ပြန်လွှတ်ပေးမည်ဟု ထိုင်း အာဏာပိုင်များက စာပို့အ ကြောင်းကြားထားကြောင်း ဦးထူးချစ်က ပြောသည်။

မြန်မာလုပ်သားလေးဦးအမှု ကိစ္စနှင့်ပတ်သက်ပြီး ကုန်ကျစ ရိတ်အားလုံးကို မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌဦးဇော်ဇော်က တာ ၀န်ယူဆောင်ရွက်ပေးခဲ့သည်။ ဦးဇော်ဇော်သည် ရနောင်းမြို့တွင် ဖမ်းဆီးခံထားရသော မြန်မာလုပ် သားများ အမှုစတင်ဖြစ်ပွားကတည်းက ကူညီပေးနေသူဖြစ် သည်။

Credit:7Day

Loading...

Facebook Comments