ယောကျာ်းကို ​ကော်​ဖီထဲ အိပ်ဆေးထည့်တိုက်​ပြီး​ အခြားယောက်ျားနဲ့ အတူအိပ်တဲ့ မိန်းမ အခုတော့

ပဲခူးတိုင်းဒေသကြီး ဝေါမြို့တွင်ယောကျာ်းဖြစ်သူအား ကော်ဖီထဲအိပ်ဆေးထည့်တိုက်ပြီး အခြား အမျိုးသားတစ်ဦးနှင့်အိမ်ထောင်ရေး ဖောက်ပြန်သည် ဟုဆိုသောအမျိုး သမီးကို နိုဝင်ဘာ ၃၀ ရက်နေ့ကအမှုဖွင့်တိုင်တန်းထားကြောင်း ဝေါမြို့မ ရဲစခန်းမှသိရသည်။

ယောကျာ်းကို ​ကော်​ဖီထဲ အိပ်ဆေးထည့်တိုက်​ပြီး​ အခြားယောက်ျားနဲ့ အတူအိပ်တဲ့ မိန်းမ အခုတော့ 2

ဖြစ်​စဉ်​မှာ နိုဝင်ဘာ ၃၀ ရက်​​နေ့က ပဲခူးတိုင်း​ဒေသကြီး ​ဝေါမြို့နယ်​ ဂုံမင်းကန်​​ကျေးရွာ​နေသူကိုသန်းဦး အား ဇနီးသည်​ မ . . . က ​​ကော်​ဖီတိုက်​လိုက်​တိုင်း ၄င်းအိပ်​​ပျော်​သွားချိန်​တွင်​တစ်​ရွာထဲ​နေ ကိုမင်းနိုင်​ဆိုသူနဲ့​အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​​နေသဖြင့်​ ရဲစခန်း တွင်​အမှုဖွင့်​တိုင်​ကြားခြင်းဖြစ်​ကြောင်း ကနဦးတိုင်​တန်းချက်​သတင်း​အရသိရသည်​။

ကော်​ဖီ တိုက်​လိုက်​တိုင်း အိပ်​​ပျော်​သွားလို့မသင်္ကာတာနဲ့တစ်​​နေ့သူကော်ဖီတိုက်​တဲ့​အချိန်​မှာ​သောက်​ချင်​​ယောင်​​​ဆောင်​ပြီး​နေလိုက်​တယ်​ ည ၂ နာရီထိုး​တော့ မင်းနိုင်​ ဆိုတဲ့လူအိမ်​​ပေါ်တက်​လာတယ်​အမိဖမ်းပြီးအမှုဖွင့်​တိုင်​ ကြားလိုက်​တာ”ဟုကိုသန်းဦး ကပြောသည်​။

တရားဝင်​ ​ယောကျာ်း​ရှိလျှက်​နှင့်အိမ်​​ထောင်​​ရေး​ဖောက်​ပြန်​​နေသူ မ . . . အားအ​ရေးယူ​ပေးရန်​ ခင်​ပွန်းဖြစ်​သူ ကိုသန်းဦး မှ တိုင်​ကြားသဖြင့်​​ဝေါမြို့မရဲစခန်းမှ (ပ) ၅၇၃ / ၂၀၁၈-တစ်လင်​တစ်​မရား ဥပ​ဒေ -၁၃-ဖြင့်​အမှု ဖွင့်​ထားပြီးဒုရဲအုပ်​ အောင်​နိုင်​ မှ တရားခံ ဟု”ယူဆရသူ အားဖမ်းစီးနိုင်​​ရေး စစ်​​ဆေး​ဆောင်​ရွက်​​လျက်ရှိကြောင်းသိရသည်​။

Credit: BagoWeeklyJournal

Loading...

Facebook Comments