အောင်​ရဲ​ထွေးမ​သေဆုံးမီရိုက်​ကူးခဲ့တဲ့ “ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ရုံတင်​ပြသ​တော့မည်

ပရိသတ်​​တွေကို ရယ်​​မော​ပျော်​ရွှင်​​စေခဲ့တဲ့ ဟာသသရုပ်​​ဆောင်​ ​အောင်​ရဲ​ထွေးကို ပရိသတ်​ကြီးမှတ်​မိကြဦးမှာ​ပါ။ အမူအယာ​ကောင်း​ကောင်းနဲ့ ဟာသဗီဒီယို​လေး​တွေကို ​ရိုက်​ကူးခဲ့ရာမှ ​ဖေ့စ်​ဘုတ်​စာမျက်​နှာမှာ ​ရေပန်းစားခဲ့သူတစ်​ဦးဖြစ်​ပါတယ်​။ ​ဟာသဗီဒီယိုအတို​လေး​တွေရိုက်​ကူးခဲ့ရာမှ ရုပ်​ရှင်​ဇာတ်​ကားကြီးမှာလဲ ပါဝင်​သရုပ်​​ဆောင်​နိုင်​တဲ့အထိ ​အောင်​မြင်​ခဲ့သူတစ်​ဦးဖြစ်​ပါတယ်​။ ပရိသတ်​​တွေကလဲ သူ့ရဲ့သရုပ်​​ဆောင်​မှု​တွေကို ​အလွန်​ကြိုက်​နှစ်​သက်​ကြပြီး ​အောင်​ရဲ​ထွေးကို တစ်​ခဲနက်​အား​ပေးကြပါတယ်​။

အောင်​ရဲ​ထွေးဟာ ၂၀၁၇ ခုနှစ်​က​နေ ၂၀၁၈ ကိုကူး​ပြောင်းတဲ့ New Year ညမှာ မ​တော်​တဆမှု​ကြောင့်​ ​ဆေးရုံ​ရောက်​ခဲ့ရပြီး ​ဆေးရုံတက်​​နေစဉ်​ ဇန်​နဝါရီလ (၂)ရက်​​နေ့မှာ ​ဘဝတစ်​ပါးကို ကူး​ပြောင်းသွားခဲ့တာဖြစ်​ပါတယ်​။ အခုလာမယ့်​ ၂၀၁၉ ခုနှစ်​မှာ ​အောင်​ရဲ​ထွေး ကွယ်​လွန်​တာ တစ်​နှစ်​ပြည့်​​တော့မှာပဲဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​ ​အောင်​ရဲ​ထွေးကိုချစ်​ခင်​ကြတဲ့ ပရိသတ်​​တွေက​တော့ အခုချိန်​ထိ ​မေ့လို့မရနိုင်​ကြ​သေးပါဘူး။

အောင်​ရဲ​ထွေးဟာ ​အောင်​မြင်​ဖို့အရှိန်​ယူ​နေတဲ့အချိန်​မှာ ရုတ်​တရက်​ ကွယ်​လွန်​သွားတာမို့ ပရိသတ်​​တွေက​ နှ​မြောတသဖြစ်​​နေကြတာပဲဖြစ်​ပါတယ်​။ ​ပရိသတ်​​တွေသာမကပဲ ​အောင်​ရဲ​ထွေးရဲ့ မိတ်​​ဆွေ၊ သူငယ်​ချင်း၊ မိတ်​​ဆွေ​တွေကလဲ ဒီ​နေ့ဒီအချိန်​ထိ ​အောက်​​မေ့တမ်းတ​နေကြဆဲပါပဲ။

အခုဆိုရင်​ ​အောင်​ရဲ​ထွေးရိုက်​ကူးခဲ့တဲ့ “ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးရဲ့ Trailer ထွက်​ရှိ​နေပြီပဲဖြစ်​ပါတယ်​။ “ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးကို ဒါရိုက်​တာ ဝင်းလွင်​ထက်​က ရိုက်​ကူးပုံ​ဖော်​ထားပြီး အကယ်​ဒမီ ​ကျော်​သူ၊ အကယ်​ဒမီ ရန်​​အောင်၊ အကယ်​ဒမီ ရဲ​အောင်​၊ အကယ်​ဒမီ ထွန်းထွန်း၊ လွှမ်းပိုင်​၊ ထူး​အောင်​၊ ဆန်းထွဋ်​၊ ​အောင်​ရဲ​ထွေး၊ ခင်​ဝင့်​ဝါ၊ ​ချောကလျာနဲ့ အခြားသရုပ်​​ဆောင်​​ပေါင်းများစွာပါဝင်​သရုပ်​​ဆောင်​ထားတာပဲဖြစ်​ပါတယ်​။ ဒီဇာတ်​ကား​လေးဟာ လူငယ်​ဖန်​စီဟာသဇာတ်​ကား​လေးဖြစ်​ပြီး ပရိသတ်​​တွေမြင်​ဖူး​နေကြမဟုတ်​တဲ့ပုံစံ​မျိုး ကြည့်​ရှုရမှာပါ။

နိုင်းနိုင်းကို ရုပ်တည်ကြီးနဲ့ နောက်လိုက်တဲ့ ဝတ်မှုံရွှေရည်ရဲ့အခွီဗီဒီယိုလေး

“ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ဇာတ်​ကားကြီးဟာ ဒီဇင်​ဘာလ ၂၈ ရက်​​နေ့မှာ မြန်​မာတစ်​နိုင်​ငံလုံးမှာ ရုံတင်​ပြသ​တော့မှာပဲဖြစ်​ပါတယ်​။ ​ဒီဇာတ်ကားမှာ ​အောင်​ရဲ​ထွေးဟာ လွှမ်းပိုင်​ရဲ့ သူငယ်​ချင်း တက္ကသိုလ်​​ကျောင်းသားအ​နေနဲ့ ပါဝင်​သရုပ်​​ဆောင်​ထားတာဖြစ်​ပြီး သူတို့သူငယ်​ချင်း​တွေ ဘယ်​လိုအလွဲလွဲအ​ချော်​​ချော်​ဖြစ်​ခဲ့ကြလဲဆိုတာကြည့်​ရှုရမှာပါ။ ပရိသတ်​ကြီးအတွက်​ ​အောင်​ရဲ​ထွေးပါဝင်​သရုပ်​​ဆောင်​ခဲ့တဲ့ “ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ Trailer ကို တင်​ပြ​ပေးလိုက်​ပါတယ်​။

အောင်​ရဲ​ထွေး ပါဝင်​သရုပ်​​ဆောင်​ထားတဲ့ “ကိုယ်​​စောင့်​နတ်​” ရုပ်​ရှင်​ Trailer

ပရိသတ်​ကြီးလဲ “ကိုယ်​​စောင့်​နတ်​” Trailer ​လေးကိုကြည့်​ပြီး ​အောင်​ရဲ​ထွေးကို သတိရသွားမယ်​လို့ ​ထင်​ပါတယ်​။ ​ဒီဇာတ်​ကားကြီး ရုံတင်​ပြသရင်​လဲ သွား​ရောက်​ကြည့်​ရှုဖို့ မ​မေ့ကြပါနဲ့​နော်​။ အချိန်​​ပေးပြီး ဖတ်​ရှု​ပေးတဲ့ ပရိသတ်​ကြီးကို မိုမို​လေးမှ ​ကျေးဇူးအထူးတင်​ရှိပါတယ်​။ဒီပိုစ့်​​လေးကို သ​ဘောကျကြိုက်​နှစ်​သက်​ရင်​ Like & Share လုပ်​​ပေးဖို့မ​မေ့ပါနဲ့​နော်​။

Saw
Source: ကိုယ်​​စောင့်​နတ်​ page

Loading...

Facebook Comments