ကျွန်တော့်ကိုချစ်ရင် ရိုးသားလွန်းတဲ့ကလေးလေး ခြိမ့်ကေကို ကို မဆဲကြပါနဲ့ဆိုတဲ့ ဒိန်းဒေါင်

Myanmar Idol Season (3)ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ခြိမ့်ကေကိုကတော့ လိုအပ်ချက်တစ်ချို့ကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပေမယ့် ဆန်းကြယ်လှတဲ့ သူ့ရဲ့ကံတရားကြောင့် အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်နေရပြီး ပရိသတ်တွေရဲ့အားပေးခြင်းတွေရော ဝေဖန်မှုတွေကိုပါ ရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခြိမ့်ကေကိုက နိုင်ငံကျော် ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဒိန်းဒေါင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ပထမဦးဆုံးတွေ့ဆုံမှုမှာတင် ရိုးသားလွန်းတဲ့ ခြိမ့်ကေကို ကို ဒိန်းဒေါငးက တော်တော်လေးကို ချစ်သွားတာ တွေ့ရပါတယ်။

နှစ်ယောက်သား တွေ့ဆုံပြီးနောက်ပိုင်းမှာ KTV သို့ အတူသွားခဲ့ကြပြီး သီချင်းတွေလည်း အတူဆိုခဲ့ကြတာ တွေ့ရပါတယ်။

ခြိမ့်ကေကိုကတော့ ဒိန်းဒေါင်နဲ့ တွေ့ပြီး သီချင်းတွေ အတူဆိုခဲ့ကြတဲ့အကြောင်းကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ Live လွှင့်ခဲ့တာပါနော်။

ဒိန်းဒေါင်ကတော့ “အားလုံးကို တစ်ခုလောက်ပြောချင်ပါတယ် ကလေးလေးက ရိုးသားတယ်ဗျ သူများတွေက သူ့ကို မြှောက်ထိုးပင့်ကော်လုပ်တဲ့အခါ သူ့ကို နားလည်ပေးပါလို့ ကျွန်တော်တောင်းပန်ပါတယ်။ ကလေးလေးကတကယ်ရိုးသားတယ်ဗျ တကယ်ချစ်စရာလေး အဲ့အတွက်ကြောင့် မဆဲကြပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုချစ်ရင် မဆဲကြပါနဲ့” လို့ ခြိမ့်ကေကိုရဲ့Live ထဲမှာ ပြောသွားခဲ့တာပါ။

အရမ်းကိုပျော်စရာကောင်းတဲ့ ဒိန်းဒေါင်နဲ့ ခြိမ့်ကေကိုတို့ရဲ့Live ဗီဒီယို

ဒိန်းဒေါင်ကတော့ ခြိမ့်ကေကိုကို သားတစ်ယောက်လိုချစ်တဲ့အကြောင်းတွေပြောပြီး၊ ခြိမ့်ကေကိုကလည်း အဖေဒိန်းဒိန်းဆိုပြီး ဒိန်းဒေါင်ကို ခင်တွယ်တာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အနုပညာလောကထဲကို အခုမှစတင်ဝင်ရောက်ဖို့ ခြေလှမ်းပြင်နေတဲ့ တက်သစ်စတစ်ယောက်ကို ဖော်ရွေစွာ ကြိုဆိုခဲ့တဲ့ ဒိန်းဒေါင်ရဲ့စိတ်ဓါတ်လေးကိုသဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Chaink K Ko’s Facebook

Loading...

Facebook Comments