ရန်ပုံငွေ အတွက်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ငွေကျပ် သိန်း (၁၀၀)လှူဒါန်းခဲ့တဲ့ ​ပြေတီဦး

ဝါရင့်သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ ပြေတီဦးကတော့ သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်လေ့ရှိသူတစ်ဦးပါ။ အလှူအတန်းလည်း ရက်ရောတဲ့ ပြေတီဦးကတော့ မကြာခဏဆိုသလို မိသားစုနဲ့အတူ အလှူတွေပြုလုပ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ ပြေတီဦးက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဇာတ်လမ်း၊ ဇာတ်ညွှန်း သာရေး၊ နာရေးရန်ပုံငွေအတွက် ရိုက်ကူးမယ့် ဟီးရိုးနှင့် ဇီးရိုး ရုပ်ရှင်ဇာတ်ကားကြီး အတွက် သိန်းတစ်ရာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အလှူအတန်းဆို ရက်ရောတဲ့ ပြေတီဦးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပြေတီဦးရဲ့အလှူအကြောင်းကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအေးကြူလေးက “မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဇာတ်လမ်းဇာတ်ညွှန်းသာရေးနာရေး ရန်ပုံငွေအတွက်ရိုက်ကူးသော ဟီးရိုးနှင့်ဇီးရိုး ရုပ်ရှင်ဇာတ်ကားကြီးတွင် သရုပ်ဆောင်ပြေတီဦးမှ ငွေကျပ် သိန်းတစ်ရာ တိတိပါဝင်လှူဒါန်းပါသည်။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ဒါရိုက်တာ သြရသရိုက်ကူးပုံဖော်မယ့် “ဟီးရိုးနှင့် ဇီးရိုး” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ပြေတီဦး၊ ညီထွဋ်ခေါင်၊ သန်းသန်းစိုးနဲ့ ဆုမြတ်နိုးဦးတို့က အဓိကပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပြေတီဦးကတော့ အခုလက်ရှိမှာလည်း ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ပညာရေးမှာထူးချွန်ပေမယ့် တက္ကသိုလ်ဆက်မတက်နိုင်တဲ့ ကလေးတွေကို ကျောင်းဆက်တက်နိုင်ဖို့ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မွန်မြတ်တဲ့ စိတ်ထားပိုင်ရှင်တစ်ဦးဖြစ်တဲ့ ပြေတီဦးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;ဦးအေးကြူလေးရဲ့ဖေ့စ်ဘုတ်

Loading...

Facebook Comments