အိမ်ထောင်ရေးတစ်ခု သာယာဖို့ အရေးကြီးဆုံးအရာကို ထုတ်ပြောလိုက်တဲ့ မြတ်ပုဏ္ဏမီနိုင်

မော်ဒယ်မလေးမြတ်ပုဏ္ဏမီနိုင်ကတော့ ၂၀၁၈ ခုနှစ်ဆန်းပိုင်း ဇန်နဝါရီလ (၅) ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။ သူမကိုချစ်မြတ်နိုးပြီးအလိုလိုက်လွန်းလှတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ချစ်သူဘဝတုန်းက သူမဘက်က နာကျင်အောင်လုပ်မိစေတဲ့အချက်တွေကိုတောင် မငြိုငြင်ဘဲဆက်ချစ်ပေးခဲ့တဲ့ ခင်ပွန်းသည်အကြောင်းကိုလည်း မကြာခဏဆိုသလို ပြောပြလေ့ရှိပါတယ်။

လက်ရှိမှာတော့ သူမက ဆန်ဖရန်စစ္စကိုမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ ခင်ပွန်းသည်နဲ့အတူ US မှာနေထိုင်လျက်ရှိပြီးတော့ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ခေတ္တခဏဝေးကွာနေခဲ့တာလည်းဖြစ်ပါတယ်။ ယနေ့မှာတော့ မြတ်ပုဏ္ဏမီနိုင်က သာယာတဲ့အိမ်ထောင်ရေးအကြောင်းလေးကို ဖွင့်ဆိုထားတာဖြစ်ပါတယ်။

“What Do we need to have a happy marriage life or a happy life? The answer is to be “Selfless” . Selfless ကို အဓိပ္ပာယ်ဖွင့်ရရင်သူများတွေရဲ့ ဆန္ဒတွေကို ကို့ဆန္ဒတွေထက် ပိုတန်ဖိုးထားတာပဲဖြစ်တယ်။ သာယာတဲ့ အိမ်ထောင်ရေး ဆိုတာ ခွှင့်လွှတ်တတ်သူနှစ်ဦးရဲ့ အချစ်တွေနဲ့ ခိုင်ခိုင်မာမာ ဆောက်တည်ထားတာမျိုးပါ။သာယာတဲ့ အိမ်ထောင်ရေးဆိုတာ အတ္တကင်းတဲ့ လူနှစ်ယောက်ရဲ့ အတ္တကင်းမဲ့စွာ ပေါင်းသင်းနေထိုင်မှုပါ။ သာယာတဲ့ အိမ်ထောင်ရေးဆိုတာ ပြီးပြည့်စုံတဲ့ ဇနီး၊ ခင်ပွန်းကို ပိုင်ဆိုင်ထားရတာမဟုတ်ပဲ ကိုယ်စီ မပြည့်စုံကြတဲ့ အရာတွေကို လက်ခံနားလည်ပေးထားကြတာမျိုးပါ။”

“သာယာတဲ့ အိမ်ထောင်ရေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အရှိအတိုင်းကို လက်ခံနားလည်ပေးတာမျိုးပါ။ သာယာတဲ့ အိမ်ထောင်ရေးဆိုတာ တစ်ယောက်ပျော်ရွှင်မှုကို တစ်ယာက် အပြိုင်ဦးစားပေးကြတာမျိုးပါ။ သာယာတဲ့ အိမ်ထောင်ရေး ပိုင်ဆိုင်ထားကြတဲ့ သူတွေ အများစုဟာ အတ္တတွေမာနတွေ ကင်းကြတဲ့ သူအများဖြစ်တဲ့အလျောက် ကိုယ့်အိမ်ထောင်ဖက်ကိုသာမက ကိုယ့်မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ သာယာပျော်ရွှင်မှုတွေကို အမြဲမျှဝေလေ့ရှိကြပါတယ်။ နားလည်ခွင့်လွှတ်မှုတွေကို အမြဲလက်စွဲထားပြီး အရာရာကို အချစ်နဲ့တုန့်ပြန်နိုင်လေ့ရှိကြတယ်။ ကိုယ်ကိုတိုင် သာယာပျော်ရွှင်မှုဆိုတာကို ပိုင်ဆိုင်နေရပြီဆိုရင်လည်း သာယာနေတဲ့ ကိုယ့်ဘဝကို အခြေခံပြီး သူများတွေကို အပျော်တွေကူးစက်စေနိုင်ကြပါသေးတယ်။ နောက်ဆုံးတော့ အိမ်ထောင်ရေးမှာပါမက ရှုထောင့်ပေါင်းဆုံအတွက် အရေးကြီးတဲ့ အတ္တကင်းမှုကသာလျှင် အဖြေမှန်ပါပဲ။ ကိုယ်စီကိုယ်စီ အတ္တတွေ ကင်းနိုင်ကြရင် အိမ်ထောင်ရေးတစ်ခုတည်းသာ မဟုတ် တစ်ကမ္ဘာလုံးသာယာနေမှာပါ။”

သူမဖွင့်ဆိုသွားတဲ့ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးအတိုင်း သူမကိုယ်တိုင်လည်း တည်ဆောက်နေပြီး အိမ်ထောင်သည်တွေတိုင်းမှတ်သားလိုက်နာပြီး အတုယူသင့်တဲ့ အရာလေးလည်းဖြစ်ပါတယ်။We Love Cele

Photos-Myat Ponnami Naing

Loading...

Facebook Comments