ဆံပင်ပါးတဲ့ သူတွေအတွက် ၁၀၀ ရာခိုင်နှုန်း ဆံပင်အုံထူပြီး အရှည်မြန်စေတဲ့ ကြက်သွန်နီပြုတ်ရည်

ဆံပင်ကျွတ်တာ သက်သာပြီး အုံကောင်းကောင်းနဲ့ ဆံပင်အရှည်သန်စေဖိုပ ၁၀၀ရာခိုင်နှုန်း ထိရောက်တဲ့ နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့ပါပြီ ။

ယခုခေတ်မှာ ဆံပင်ကျွတ်တာဟာ ကြုံတွေ့နေကြ ပြဿနာ တစ်ရပ်ပါပဲ ။ဆံပင်တွေ ကျွတ်ရင်းနှင့် တဖြေးဖြေး ဆံပင်နည်းလာပြီး ထိပ်ပြောင်တာ ၊ ထိပ်ကွက်တာတွေ ဖြစ်ကုန်တာပါပဲ ။ဒီလို ဆံပင်တွေ မသန်စွမ်းရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ ။ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ၊ ဟော်မုန်းမညီမျှမှုများ ၊ အာဟာရမပြည့်ဝမှုများ ၊ လေထုညစ်ညမ်းမှုများ ၊ ဓါတ်မတည့်မှုများ၊ မသင့်လျော်တဲ့ ဆံပင်သုံးအလှကုန်များ သုံးစွဲခြင်း ၊ မှားယွင်းသော အလေ့ကျင့်များကြောင့် ဆံပင်ပျက်စီးခြင်းများ ဖြစ်ရပါတယ် ။

ဒီလိုပြဿနာတွေအားလုံးကိုကင်းဝေးပြီး ဆံပင်သန်စွမ်း အရှည်မြန်စေမယ့် အိမ်တွင်းနည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ ။ ရက် ၃၀အတွင်းမှာပင် ထူးခြားတဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ ။ နည်းလမ်းကတော့ လွယ်ပါတယ် ။

ကြက်သွန်နီတစ်လုံး (သို့) နှစ်လုံး ကို ခပ်သေးသေးလှီးဖြတ်ထားပါ ။ ထို့နောက် အိုးတစ်ခုထဲသို့ ကြက်သွန်နှင့် ရေလီတာဝက်ခန့်ကို ထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ ။၁၀ မိနစ်ခန့်ကြာ ဆူပွက်ပြီးလျှင် မီးဖိုပေါ်မှချကာ အအေးခံထားပါ ။ပြီးနောက် အရည်ကို စစ်ပါ ။ ထိုအရည်ကို ခေါင်းလျှော်ပြီးတဲ့အခါတိုင်း နောက်ဆုံးအကြိမ်မှာ လောင်းချဆေးကြောပေးရုံပါပဲ ။

အကယ်၍ အနံ့ကြောင့် ပြဿနာရှိတယ်ဆိုလျှင် တစ်နာရီကြာလျှင် ခေါင်းပြန်လျှော်လို့ရပါတယ် ။ ဘာမှမဖြစ်လျှင်တော့ နောက်နေ့မှသာ ဆံပင်ကို ပြန်လျှော်ပါ ။

Credit: CHAN

Loading...

Facebook Comments