GG စတိုးအတွင်း လုယူသူမျာ

အလုံမြို့နယ် GG စတိုးအတွင်း လုယူသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန် ၊ နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ၊ အလုံမြို့နယ် ၊ ဌာနလမ်းထိပ်တွင် GandG စတိုး ဆိုင်အားဖွင့်လှစ်ရောင်းချနေစဉ် ၂၄.၁၁.၂၀၁၈ ရက်နေ့ ၀၁၂၀ အချိန် လူငယ်သုံးဦးခန့် ဆိုင်အတွင်းသို့ဝင်လာပြီး အရောင်းဝန်ထမ်း ကို——–အားထိုးကြိတ်မည်ပြောဆိုကာ လူနှစ်ဦးမှ ကို——-အနီး၌စောင့်နေခိုင်းပြီး ကျန်တစ်ဦးမှ ကို——- အင်္ကျီအိတ်ကတ်အတွင်း ထည့်ထားသော Vivo ဖုန်းအား ဆွဲယူပြီး အံဆွဲအတွင်းမှ ဈေးရောင်းရငွေ ၃၈၀၀၀ ကျပ်အား ယူဆောင်ထွက်ပြေးသွားသဖြင့် အရောင်းဝန်ထမ်း ကို—– မှ အလုံမြို့မရဲစခန်း (ပ) ၄၃၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် တိုင်တန်း၍ အမှုရေးဖွင့်ခဲ့ပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးညွှန်ကြားချက်နှင့်အညီ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးမှ ကိုယ်တိုင်ကြပ်မတ်၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အဖွဲ့များ ဖွဲ့စည်းပြီး အခင်းဖြစ်နေရာအား အသေးစိတ်စုံစမ်းခဲ့ရာ ၂၅.၁၁.၂၀၁၈ ရက်နေ့ ၂၀၄၅ အချိန်တွင် အလုံမြို့နယ်၊ စောရန်နိုင်အနောက်ရပ်ကွက် ၊ ဆွမ်းသိမ်းပွဲစတိတ်ရှိုးပွဲပြုလုပ်သည့်နေရာ၌ လုယက်မှုတွင် ပါဝင်သည့် လသာမြို့နယ်၊ (၇)ရပ်ကွက်နေ စိုင်းအောင်ကောင်မြတ်(ခ)ဖိုးပြည့်စုံ(ခ)အရိုး (၁၇)နှစ်၊ တာမွေမြို့ နယ်၊ နတ်ချောင်းရပ်ကွက်နေ မင်းသန့်ကို(ခ)မင်းသန့် (၁၇)နှစ်၊ အလုံမြို့နယ်၊ ဂဠုန်ရပ်ကွက်နေ စိုးသီဟ(ခ)မိချောင်း (၁၇)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသူများအား စစ်ဆေးရာ ယင်းအမှုအားကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းတို့ ၃ ဦးနှင့်အတူ ပြစ်မှု ကျူးလွန်ရာတွင် ဟိန်းစိုးအောင် ပါပါဝင်ကြောင်း ပေါ်ပေါက်ချက်အရ ဟိန်းစိုးအောင် နေထိုင်သည့် လှိုင်သာယာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်သို့ သွားရောက်စုံစမ်းရာ ဟိန်းစိုးအောင်မှ နေအိမ်တွင် မရှိသဖြင့် ဆက်လက်စုံစမ်းရှာဖွေရာ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထားလမ်းမပေါ်တွင် ပြစ်မှုကျူးလွန်သူ ဟိန်းစိုးအောင်(၂၂)နှစ် အားဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများထံမှ သက်သေခံပစ္စည်းများအားပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Unicode version

Yangon Police

Loading...

Facebook Comments