သားသားလေးကို တစ်ယောက်တစ်လှည့် ထိန်းနေကြတဲ့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ဗီဒီယို

ပရိသတ်တွေက ခေးလေးယွန်းလို့ ချစ်စနိုးခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ဖခင်ဖြစ်သူ အကယ်ဒမီလွင်မိုးနဲ့ တူတာကြောင့် ငယ်ငယ်လေးကတည်းက အနုပညာအလုပ်တွေ လုပ်ကိုင်နေရသူလေးပဲ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝတစ်ခုကို တည်ထောင်ထားတဲ့ ယွန်းဝတီလွင်မိုးက အခုဆိုရင် အသည်းယားစရာကောင်းလောက်အောင် ချစ်မွှေးပါတဲ့ သားသားလေး Liam လေးကိုလည်း ပိုင်ဆိုင်ထားပါပြီ။ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတို့သာမကပဲ တစ်မိသားစုလုံးရဲ့အချစ်တွေကို စုပြုံရရှိထားတဲ့ Liam လေးက အခုဆိုရင် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကိုပါ ပိုင်ဆိုင်ထားရပြီပဲ ဖြစ်ပါတယ်။

သားသားလေး Liam ရဲ့လှုပ်ရှားမှုလေးတွေကို သူမရဲ့အင်စတာဂရမ်မှာ အဆက်မပြတ်တင်ပေးလေ့ရှိတဲ့ ယွန်းဝတီလွင်မိုးကတော့ လတ်တလောမှာလည်း ကလေးထိန်းနေတဲ့ သူတို့ဇနီးမောင်နှံရဲ့ချစ်စဖွယ် ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

သားလေးကို လက်ပေါ်ကမချနိုင်အောင် ချစ်တတ်လွန်းတဲ့ ဖေဖေကြီး ထက်ဦးလှိုင်ကိုတော့ မာမီယွန်းဝတီလေးက ပီတိတွေအပြည့်နဲ့ ကြည့်နေတာကိုလည်း တွေ့ရပါတယ်နော်။

သားလေးကို ချစ်မဝဖြစ်နေတဲ့ ဖေဖေကြီး ထက်ဦးလှိုင်ရဲ့ဗီဒီယို

သားလေးကို ထိန်းနေကြတဲ့ ခေးလေးယွန်းတို့ ဇနီးမောင်နှံရဲ့ဗီဒီယို

အိပ်ယာထခါစမှာတောင် ပြုံးရွှင်နေတဲ့ မျက်နှာချိုလွန်းသူလေး Liam

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းက ချစ်ရသူနဲ့ ထိမ်းမြားလက်ထပ်ခဲ့တဲ့ ယွန်းဝတီလွင်မိုးလေးကတော့ သြဂုတ်လ ၆ရက်နေ့မှာ သားဦးလေး liam ကို မွေးဖွားသန့်စင်ခဲ့တာပါ ။ ခေးလေးယွန်းကတော့ လာမယ့် ၂၀၁၉ခုနှစ်ထဲမှာ ကျောင်းတက်ဖို့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ သြစတေးလျကို ပြန်မယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဆည်းလည်းလေး Liam ကြောင့် ကြည်နူးစရာတွေ ပိုပိုများလာရတဲ့ ယွန်းဝတီလွင်မိုးတို့ မိသားစုလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Yunwaddy’s Instagram

Loading...

Facebook Comments