ဝေဖန်သူတွေ ကို ကိုယ်ချင်းမစာတက်ဘူးလို့ ဆိုလိုက်တဲ့ ချောရတနာ

အကယ်ဒမီ သရုပ်ဆောင် ချောရတနာဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ကိုပိုင်ဆိုင်ထားပြီး လက်တလောမှာတော့ ကလေးတွေကို အချိန်ပေးနေရတာကြောင့် အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပါတယ်။ သူမဟာ အနုပညာအလုပ် လုပ်ကိုင်ခဲ့စဉ်ကလဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဖော်နိုင်သူဖြစ်ပြီး အကယ်ဒမီ ရှိခဲ့တဲ့အထိ ထူးချွန်ခဲ့သူလဲဖြစ်ပါတယ်။ သူမဟာ သေးသွယ်တဲ့ကိုယ်လုံး ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ချောမောလှပတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ ရဲ့အချစ်ကို ရရှိပိုင်ဆိုင်ထားနိုင်သူလဲဖြစ်ပါတယ်။

သူမဟာလက်တလောမှာတော့ ကလေးမွေးထားတဲ့အရှိန်ကြောင့် ကိုယ်ခန္ဓာပြည့်ပြည့်လေးနေပြီး ဒါကိုပရိသတ်တွေက ဝတယ်၊ ဝလိုက်တာနော်ဆိုတဲ့ အပြောတွေ ဝေဖန်သံတွေကို မခံစားနိုင်တော့တာကြောင့် ပြန်လည်တုန့်ပြန်လာပါပြီ။ အကျိုးအကြောင်းကိုမသိဘဲ ဝေဖန်သူတွေကြောင့် ချောရတနာ တစ်ယောက် စိတ်မကောင်းဖြစ်နေရှာပါတယ်။

“ဝနေလိုက်တာများ စိတ်ပျက်စရာကြီး ပြောထွက်ကျတယ် နော် မဝ ဖူးတော့ ကိုယ်ချင်းမစာတက်ဖူး။မိခင်နို့ ပဲ တိုက်လေ ဘာလို့ နို့ မှုန့်တိုက် တာလဲ (မင်းသမီး အဲ့လောက်အလှ ပျက်မှာ ကြောက်နေတယ် ဟုတ်လား)ဘယ်လောက်ကြိုးစား ကြိုး စား နို့မထွက်တဲ့ မိခင်ရဲ့ နုလုံး သားကို ကိုယ်ချင်းမစာတက်ဘူး။ကလေးထိန်းရှိရဲ့သားနဲ့ အပြင်မထွက်နိုင်တာ အလကား အပိုတွေပါ ကိုယ့်အခက်ခဲကို အိမ်မှာ ကလေး ထိန်း ရှိပေမယ့် မိသားစုဝင် တစ်ယောက်မဟုတ်တစ်ယောက် အိမ်မှာရှိတဲ့လူ ကိုယ်ချင်းမစာ တက်ဖူး၊ကိုယ်ချင်းစာစိတ်ဆိုတာလဲ ကိုယ်တိုင်မကြုံဖူးတဲ့ သူတွေအတွက် တော်တော်ခက်ခဲပါလားနော် ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြထားခဲ့ပါတယ်။

သားနဲ့သမီး အတွက်အချိန်ပေးနေရတဲ့ မိခင်တစ်ယောက်ဖြစ်တာကြောင့် ခန္ဓာကိုယ် အလှအပတွေကို မထိန်းသိမ်းနိုင်သေးပါဘူး။ သူမကိုယ်တိုင်ကလည်း ဝမှာ ကြောက်တဲ့ သူတစ်ယောက်ဖြစ်ခါ သမီးလေးကို မွေးပြီးချိန်မှာ မိခင်နို့သိပ်မထွက်တာကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို သင့်သလို စားခဲ့ရတယ်လို့ သူမပြောခဲ့ဖူးပါတယ်။

သရုပ်ဆောင် ချောရတနာဟာ (၄)နှစ်အရွယ် သားလေးတစ်ယောက်ရှိပြီး ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့မှာတော့ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက်ကို ထပ်မံ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သူမ ဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးရေ ဖတ်ရှု့ပေးလို့ ကျေးဇူးပါနော်။

KKK(momolay)
Source – Chawyadanar’s fb

Loading...

Facebook Comments