မြိတ်အာပုံ နဲ့ တွေ့မှ သားတော့ ဘဝပျက်ပါပြီ ဆိုတဲ့ ကျော်ကျော်

အနုပညာလောကမှာ အသီးသီးအောင်မြင်မှုတွေရရှိနေပြီး တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး ပျော်ပျော်နေတက်လွန်းတာကြောင့် နှစ်ယောက်သားတွဲနေကြတာလားလို့တောင် ဝေဖန်ခံနေရတဲ့ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦး တို့ဟာ ယခုအခါမှာလဲ ပရိသတ်တွေရင်ခုန်စရာ ဖြစ်စေမယ့် သူတို့သူငယ်ချင်း နှစ်ယောက် ဆော့ထားတဲ့ ဗီဒီယိုအတိုလေးကို အွန်လိုင်းမှာတင်ထားပါတယ်။ သူတို့နှစ်ယာက်ဟာ ရုပ်ရှင်ဇာတ်ကားတွေမှာလဲ အမြဲတွေ့ရသလို အပြင်သွားလာနေတဲ့ နေရာမှာလဲ နှစ်ယောက် အတူအမြဲတွေ့ရလေ့ရှိပါတယ်။

အဲ့လိုအမြဲတွေ့နေရလို့ ပရိသတ်တွေကဝေဖန်နေကြတဲ့ အပေါ်မှာတော့ တွဲနေကြတာမဟုတ်ဘဲ အရင်ထဲက ခင်မင်ရင်းနှီးနေကြတာကြောင့် ခုလိုတပူးပူး တတွဲတွဲဖြစ်နေတာပါလို့လဲ သူတို့နှစ်ဦးကအင်တာဗျူးတွေမှာဖြေဆိုထားပါတယ်။ အဲ့ဒီနောက် လက်တလောမှာလဲ သူတို့နှစ်ယောက်ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားတွေရှိနေပြီး သူတို့နှစ်ယောက်ကို နောက်ပိုင်းမှာလဲ အတူတူထပ်ပြီးမြင်တွေ့နေရ အုံးမှာပါတဲ့လေ။

နောက်ပြီးသူတို့နှစ်ယောက်က ” နှစ်ယောက်လုံးက အရမ်းတွဲနေတော့ ကြိုက်နေကြတယ်လို့ ထင်နေကြတာပါ ။ အပြောင်းအလဲရှိရင် အသိပေးမှာပါ” ဆိုပြီးနှစ်ယောက်သား ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

ဒါပေမယ့် သူတို့နှစ် ရဲ့ အကြမ်းဖက်ထားကြတဲ့ ဗီဒီယို အတိုလေးတစ်ခုတော့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လို့နေပါတယ်။ အဲ့ဒီ ဗီဒီယိုကို ကျော်ကျော်က ” မြိတ်အာပုံနဲ့တွေ့မှ သားတော့ ဘဝပျက်ပါပီ ” ဆိုပြီးတင်ခဲ့ပါတယ်။ ဆုမြတ်နိုးဦးကလဲ ” ကျော်ကျော့်ကို အကြမ်းဖက်လိုက်တဲ့ ဆုမြတ်နိုးဦး ” ဆိုပြီး အဲ့ဒီဗီဒီယို အတိုလေးကို အသီးသီး အွန်လိုင်းပေါ်တင်ခဲ့ကြတာပါ ။

ကျော်ကျော့်ကို ဘ၀ဖျက်လိုက်တဲ့ ဆုမြတ်နိုးဦး

Tik Tok ရဲ့နောက်ကွယ်

သူတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယို လေးကို ပရိသတ်တွေကြည့်ရှု့နိုင်အောင် တင်ပေးရင်း Tik Tok ရဲ့ နောက်ကွယ်က ပုံရိပ်လေးတွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်နော်။

KKK(momolay)
Source – kyawkyaw’s fb,Sumyatnoeoo’s fb

Loading...

Facebook Comments