ချောင်းဆုံမြို့နယ်တွင် ဖမ်းမိသောတန်ဖိုးကြီး ကသမျှင်ငါးကို တရုတ်က ကျပ်သိန်း ၅၆၀ ကျော်ဖြင့် ၀ယ်ယူ

မွန်ပြည်နယ်ချောင်း ဆုံမြို့နယ်တွင် တန်ဖိုးမြင့်ကသ မျှင်ငါးတစ်ကောင်ကို ကျပ် ၅၆၅ သိန်းဖြင့်ရောင်းချခဲ့ကြောင်း မွန် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးဦးစိုးမင်းက ပြောသည်။
အဆိုပါတန်ဖိုးကြီးငါးကို နို ၀င်ဘာ ၁၁ ရက်က ဖမ်းဆီးရမိ ပြီး ယင်းငါးသည် အလျား ၆ ပေ၊ အနံ ၁ ပေကျော်၊ အလေးချိန် ၃၅ ပိဿာကျော်ရှိသည်။ ယင်းငါးစည်ဖောင်းသည် ဈေးနှုန်းမြင့်ပြီး တရုတ်နိုင်ငံမှ ၀ယ်ယူ ကြောင်း ဦးစိုးမင်းက ဆိုသည်။

‘‘ဒီနှစ်မှာ ဒီငါးကိုနိုင်ငံခြား က သိန်း ၅၀၀ ကျော်ပေးပြီးဝယ် တယ်။ ရောင်းချငွေကို အစိုးရဌာ နက မသိမ်းယူဘူး။ ငါးရရှိတဲ့ပိုင် ရှင်ပဲရရှိမယ်။ ကသမျှင်ငါးတွေက မွန်ပြည်နယ်မှာ အများအပြားရှိ တယ်။ အကောင်သေးတာနဲ့ အ ကောင်ကြီးတာပဲကွာတယ်။ အ ကောင်ကြီးတော့ ဈေးကောင်းရ တာပေါ့။ သူက မုတ္တမပင်လယ်ဝ ဘက်မှ ဖမ်းမိတာများတယ်’’ ဟု ဦးစိုးမင်းကပြောသည်။

ငါးဖမ်းမိသည့်နေရာသည် ငါးလုပ်ငန်းဦးစီးက တင်ဒါပိုက် ချက်များပေးထားသည့် လုပ် ကွက်များဖြစ်ပြီး ရောင်းချငွေများ ကို တင်ဒါအောင်သည့်ငါးလုပ် ငန်းပိုင်ရှင်သာ ရရှိမည်ဖြစ်ပြီး အစိုးရဌာန အနေဖြင့် ငါးရရှိမှုကို မှတ်တမ်းတင်မှုသာ ပြုလုပ်ဖြစ် ကြောင်းဦးစိုးမင်းက ဆိုသည်။

ကသမျှင်ငါးသည် မွန်ပြည် နယ်အတွင်း ၂၀၁၆ ဖေဖော်ဝါရီ တွင် သံဖြူဇရပ်မြို့နယ် ကျိုက်ခမီ ရေလယ်ဘုရားအနောက်ဘက် တွင် အလေးချိန် ၁၂ ပိဿာရှိ ငါးတစ်ကောင်၊ ဇွန်လတွင် ကျိုက်ခမီမြို့ကမ်းခြေမှ သုံးမိုင် အကွာတွင် အလေးချိန် ၃၆ ပိဿာရှိကသမျှင်ငါးတစ်ကောင်၊ ၂၀၁၈ ကျိုက်ခမီမြို့ကမ်းခြေမှ ၁၀ မိုင်အကွာတွင် အလေးချိန် ၁၆ ဒသမ ၅၀ ပိဿာကိုလည်း ကောင်းရရှိခဲ့သည်ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်း များတွင် ဖော်ပြထားသည်။

ကသမျှင်ငါးသည် ရွှေ ရောင်နှင့် ငွေရောင်နှစ်မျိုးရှိပြီး အ ရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း မြင့်ကာ ငါးစည်ဖောင်းကိုတရုတ်ရိုးရာဆေးဝါးဖော်စပ်သည့်နေရာ တွင် အသုံးပြုသည်။ ထိုငါးသည် ရေချိုနှင့်ရေငန် ပေါင်းစပ်သည့် မြစ်ချောင်းများတွင် နေထိုင် သည်။

‘‘ငါးရဲ့စည်ဖောင်းကတရုတ် နိုင်ငံမှာ ဆေးဖော်တာရှိတယ်။ အဓိကကတော့ ငါးရဲ့စည်ဖောင်း က ဈေးမြင့်တာပါ။ ငါးရဲ့အသား က စည်ဖောင်းလောက်ဈေးမမြင့် ဘူး။ တရုတ်နိုင်ငံမှာ ဘာအတွက် ဆေးဖော်လဲဆိုတာ မသိဘူး၊ ကသမျှင်ငါးရဲ့ စည်ဖောင်းက အ ရွယ်ကြီးလေ ဈေးပိုမြင့်လေပဲ’’ ဟု ဦးစိုးမင်းက ရှင်းပြသည်။

Credit :www.7daydaily.com

Loading...

Facebook Comments