ဖိနှိပ်လို့ မပြီးကြသေးဘူးလားလို့ မေးလာတဲ့ အိမ့်ထရက်ရှာ

ပရိသတ်တွေကြားမှာ လက်တစ်လော ဆယ်လီဖြစ်နေတဲ့ မော်ဒယ်မလေး အိမ့်ထရက်ရှာ ဟာ သူမ အခက်အခဲတစ်ချို့ ဝေဖန်ပြောဆိုမှု တစ်ချို့ ရှိခဲ့ပေမယ့် သူမဘ၀မှာ အတက်နိုင်ဆုံး ဖြစ်အောင် အနုပညာအလုပ်တွေကို ကြိုးစားနေပါတယ်တဲ့။ အဲ့ဒီလိုကြိုးစားနေတဲ့ကြားက ပြောဆိုဝေဖန်မှုတွေ ကိုဖိနှိပ် မှုတွေကိုရင်ဆိုင်နေရတာကြောင့် သူမအနေနဲ့ အရမ်းကိုပင်ပန်းနေရပါတယ်တဲ့။ သူမဟာ သေးသွယ်တဲ့ ကိုယ်လုံးလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် အရုပ်မလေးတစ်ယောက်ကို ချစ်စရာကောင်းနေတာလဲ ဖြစ်ပါတယ်။

သူမဟာ မကြာသေးခင် လပိုင်းအတွင်းက ချစ်သူနဲ့အတူနေတဲ့ ဗီဒီယိုတစ်ခု အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီးနောက် လူသိပိုများလာတာလဲ ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဟာ အရမ်းကို ဟစ်ဖြစ်ခဲ့ပြီးနောက် သူမက ဒီဗီဒီယိုဟာ သူမချစ်သူတင်ခဲ့တာမဟုတ်ကြောင်းနဲ့ ဒီလို ပျံ့နှံ့သွားခဲ့တဲ့အတွက် သူမကိုလူပိုသိခဲ့တာမှန်သော်လည်း ကောင်းသောနာမည်ကြီးခြင်းမျိုး မဟုတ်ကြောင်း ကိုလဲ သူကပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် သူမဟာ အဲ့ဒီလိုအရှက်ကွဲခံရချိန်မှာဘဲ သူမရဲ့ဇာတိမှာ၇ှိတဲ့ အဖိုးဖြစ်ဆုံးပါးသွားခဲ့ပါတယ်။ဒီပြဿနာတွေကြောင့် အဖိုးဖြစ်သူရဲ့ ဈာပနကိုလဲ မတက်ရောက်ခဲ့ရဘူးလို့ သိခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ သူမဟာ ဘယ်တွေထိုးနှက်တိုက်ခိုက်နေပါစေ သူမအနေနဲ့ အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ ပြောပြခဲ့ပါတယ်။ သူမကြိုးစားနေတဲ့ အထဲက သူမကို ပြောဆိုနေကြသူတွေကို ” အားတင်းပီး ကြိုးစားရှေ့ဆက် နေရတဲ့ သူတစ်ယောက်ကို ဖိနှိပ်လို့ မပြီးကြသေးဘူးလား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာရေးသားခဲ့ပါတယ်။

နောက်ထပ် ပို့စ်တစ်ခုအနေနဲ့လဲ “ကိုယ့်ရဲ့ အေးချမ်း ပျော်ရွှင်နေတဲ့ ဘဝလေးက မင်းကို စိတ်အနှောင့်အယှက် ဖြစ်စေတာလားကွာ?? လို့ ဆိုပြီးလဲ ပရိသတ်တွေကို မေးခွန်း တွေထုတ်လိုက်ပြန်ပါတယ်။ သူမဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ပိုမိုလုပ်ကိုင်လာပြီး အားပေးတဲ့ ပရိသတ်တွေလဲများပြားခဲ့ပါတယ်။

Credit-Momolay

Loading...

Facebook Comments