လက်ထပ်ဖြစ်ခဲ့တဲ့အတွက် နှစ်ဖက်မိဘတွေကိုတောင်းပန်တဲ့အကြောင်း ငိုပြီးပြောထားတဲ့ ရွှေထူးနဲ့ ရွှေမှုံ Video

လတ်တလောနမည်ကြီးနေတဲ့ နိုင်ငံကျော် အဆိုတော် ရွှေထူးနဲ့ နိုင်ငံကျော် မင်းသမီးချောလေး ရွှေမှုံရတီ တို့ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ ဇနီးမောင်နှံပါ။ သူတို့နှစ်ဦးက ပရိသတ်တွေမထင်ထားတဲ့ မင်္ဂလာလက်မှတ်ထိုးပွဲ နဲ့ မင်္ဂလာညစာစားပွဲကို ပြုလုပ်ခဲ့ တာပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို မိဘတွေသဘောမတူတဲ့ကြားက ကျင်းပခဲ့ကြပြီး မင်္ဂလာဆောင်စဉ်လည်း နှစ်ဖက်မိဘတွေမတတ်ရောက်ခဲ့ကြပါဘူး။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အနုပညာလောကက မောင်နှမများစွာနဲ့သာကျင်းပခဲ့ရတာပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုံ တို့က အခက်အခဲတွေကြားက မင်္ဂလာပွဲ ကျင်းပဖြစ်ခဲ့ပုံနဲ့ နှစ်ဖက်မိဘတွေကို တောင်းပန်ကြောင်းပြောထားတဲ့ ပုံရိပ်ကလေးတွေ နဲ့ video လေးကိုပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးနဲ့ ရွှေမှုံတို့က တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်ကြတော့တဲ့ အခြေအနေတွေမို့ အခက်အခဲတွေကြားက မင်္ဂလာပွဲ ကျင်းပဖြစ်ခဲ့ပြီး နှစ်ဖက်မိဘတွေ သဘောမတူကြတဲ့အတွက် ဝမ်းနည်းရတယ်လို့ ပြောထားပါတယ်။ ရွှေမှုံက သူ့မိခင်အနားမှာ မရှိတဲ့အတွက် ပိုဝမ်းနည်းရတယ်လို့ ပြောထားပါတယ်။

ရွှေထူးကလည်း အားလုံးကဝိုင်းပြီးပြောနေကြတဲ့အချိန် ၊ သူအဆင်မပြေတဲ့အချိန်သူ့အနားမှာ ရှိနေပေးလို့ ပိုချစ်ရတယ် ။ သူချစ်ရတဲ့သူ ၊သူ့ကိုချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရလို့ အရမ်းပျော်ရွှင်ရတယ်လို့ပြောထားပါတယ်။

မင်္ဂလာပွဲကျင်းပတုန်းကလည်း နှစ်ဖက်မိဘတွေမရှိကြတဲ့အတွက် ရော မင်္ဂလာပွဲကျင်းပပြီး အကြင်လင်မယားအဖြစ်ရောက်တော့မှာကြောင့် ရောဝမ်းနည်းငိုနေကြတာလည်းတွေ့ရပါတယ်။

သဘောမတူတဲ့ကြားက မင်္ဂလာဆောင်ခဲ့ရတဲ့အတွက် သူမမိဘနှစ်ပါးနဲ့ ရွှေထူးရဲ့ မိဘနှစ်ပါးကို တောင်းပန်ပါတယ်လို့ ငိုပြီးပြောထားပါတယ်။

နှစ်ဖက်မိဘတွေကိုတောင်းပန်တဲ့အကြောင်း ငိုပြီးပြောထားတဲ့ ရွှေထူးနဲ့ ရွှေမှုံ Video

ရွှေထူးနဲ့ ရွှေမှုံ တို့ရဲ့ video file လေးကို ကြည့်ပြီးပရိသတ်တွေလည်းသူတို့နှစ်ဦးကို နားလည်လိမ့်မယ်ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;shwe hmone yati’s facebook

Loading...

Facebook Comments