ပဲခူးမြစ်ထဲခုန်ချခဲ့သော ၉ တန်းကျောင်းသူကို ၅ နာရီခန့်အကြာတွင်ရှာဖွေတွေ့ရှိ

ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ပဲခူးမြစ်ထဲခုန်ချ၍ မိမိကိုယ်ကိုသေကြောင်းကြံစီခဲ့သော ၉ တန်းကျောင်းသူကို ၅ နာရီနီးပါးရှာဖွေ မှုများလုပ်ဆောင်နေစဉ် နေ့ လည် ၁ နာရီခွဲကျော်အချိန်ခန့်တွင် သေဆုံး လျက်ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတားအောက်နှင့် အနီးဝန်းကျင်တွင် ရှာဖွေမှုများလုပ်ေ ဆောင်နေစဉ် အမျိုးသားတစ်ဦးက အလျင်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ရုပ်အလောင်းအားပဲခူးဆေးရုံကြီး ရေခဲတိုက်သို့ ပို့ဆောင်နေပြီဖြစ်ကြောင်း ရှာဖွေရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

ပဲခူးမြို့ ဇီုင်းဂနိုင်မြောက်ပိုင်း ၅ လမ်းတွင်နေထိုင်သော မတင်ဇာလီ သည် ယနေ့နံနက်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌
ရှိနေစဉ် ၎င်း၏ဖခင်ဖြစ်သူ ဦးတင်ဖေက ကျောင်းသို့လိုက်လာကာ မိခင် ဖြစ်သူကလေးမီးဖွားနေ၍ အဝတ်အစားများလျော်ဖွပ်ရန်နှင့် အိမ်အလုပ် များဝိုင်းကူရန်ဟုဆိုကာ အတန်းပိုင်ဆရာမထံတွင် ခွင့်တိုင်ကြားပြီး သမီးဖြစ်သူ မတင်ဇာလီကို အိမ်သို့ပြန်လည်ခေါ်ယူခဲ့သည်။

ထို့သို့ ကျောင်းမတက်ဘဲ အိမ်အလုပ်များဝိုင်းကူရမည်ဆိုသောကြောင့်ဖခင်အားစိတ်ဆိုးကာ နေအိမ်မှထွက်သွားခဲ့ပြီး ပဲခူးမြစ်အတွင်းခုန်ချ၍ ယခုကဲ့သို့ သေကြောင်းကြံစီခဲ့ခြင်းဖြစ် ကြောင်း ကယကံရှင်မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ ရှင်းပြမှုအရ သိရသည်။

သတင်းနှင့်ဓာတ်ပုံ- ကိုမျိုး

BagoWeeklyJournal

Loading...

Facebook Comments