သံသယဖြစ်ဖွယ် အလောင်းပြန်တွေ့သော်လည်း အမှုမှန်မပေါ်သေး

ကာယကံရှင်မိခင်ဖြစ်သူဒေါ်တင်မွှေး အစ်မဖြစ်သူမမြင့်သူဇာတို့၏ ပြောကြားချက်များ အရ အမှုမှန်ပေါ်ပေါက် စေရန်အတွက် အကူညီတောင်းခံအပ်ပါသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊ပေါက်တောကျေးရွာအုပ်စု၊အမှတ်(၆၉)သစ်စက်အနောက်ဘက်အနီး၊ မစန်းမွှေး အုတ်ဖို၌ ၁၃.၁.၂၀၁၈ စနေနံနက်ခင်း တွင်အလုပ်လုပ်ရန်အတွက်မတွေ့သဖြင့်တဲအတွင်းသို့ဝင်ကြည့်ရာ တွင်မသိန်းသိန်းထွေးအားမတွေ့ဘဲပျောက်နေပါသည်။

သိန်းသိန်းထွေးသာပျောက်သော်လည်းသိန်းသိန်းထွေးအမြဲသုံးသော ဟန်းဖုန်းနှင့်သူမ၏ဖိနပ်မှာ မပျောက်ဆုံး သည့်အပြင် သူမအိပ်သည့် တဲခန်း၏ ရှေ့ကွပ်ပျစ်တွင်ဖွဲပြာပေသောခြေရာများ ၊ အခန်းကာထားသည့်ဖော်မီကာကိုကျော်တက်သည့်အနေအထား ဖွဲပြာများ၊အခန်းအတွင်းရှိ ဖုန်ပေနေသော သံသေတ္တာပေါ်တွင် ဘ ယ် ခြေရာတစ်ဖက်၊ အိပ်ယာဘေးတွင် ကြယ်နီဆေးပေါ့အလိပ်အကြီးအတိုတစ်ခုတို့ကိုတွေ့ရသည့်အပြင် စနေနေ့တစ်နေ့လုံး နေရာအနံ့ရှာကြသော်လည်းရှာမတွေ့ခဲ့ပါ။

၁၄.၁.၂၀၁၈ နေ့တနင်္ဂနွေနေ့ညနေ(4:00PM)တွင်အုတ်ဖိုတဲများနှင့် မနီးမဝေးဒူးလောက်ခန့်သာ ရေရှိသော ရေသိုးရိုးချောင်းအတွင်း၌ပက်လက်အနေအထား၊ မျက်ခုံးအသား၊ ပါးစပ်၊ နားရွက်လျှာများကို ဓားနှင့်လှီးထား သောအသက်မဲ့ခန္ဓာကိုယ် အနားတွင်နွားလှန်ကြိုးတစ် ချောင်းကိုလည်းတွေ့ရပါသည်။

အလောင်းကိုအုတ်တွင်းပြည်သူ့ဆေးရုံကြီးသို့ရင်ခုန်သံ လူမှုကူညီရေးကား ဖြင့်ပို့ဆောင်ခဲ့ပါသည်။ဆေးစာပါအကြောင်းအရာများအရ ကွယ်လွန်သူမသိန်းသိန်းထွေးအသက်(၁၉)နှစ်သည် အဆုပ်ထဲတွင်ရေ၀င်မှု့မရှိကြောင်းနှင့် မသိန်းသိန်းထွေးမှာ အပျို မဟုတ်တော့ကြောင်းကို သိရှိခဲ့ရပါသည်။

အုတ်တွင်းမြို့မရဲစခန်းသို့အမှုဖွင့်တိုင်ကြားထားသော်လည်းအမှုမှာယခုအချိန်ထိထူးခြားမှုမရှိပါသောကြောင့်အမှုမှန်ပေါ်ပေါ်စေရေးအတွက်သက်ဆိုင်ရာလူကြီးမင်းများကိုအကူအညီတောင်းခံအပ်ပါသည်။

အလောင်းပြန်တွေ့သည့်အချိန် ရင်ခုန်သံမှ အကူအညီ ဖြင့်ဆေးရုံသို့ပို့ထားသည့်မှတ်တမ်း link ကိုလည်းပူးတွဲတင်ပြထားပါသည်။

https://m.facebook.com/story.php?story_fbid=181153195966829&id=100022164492805

သေဆုံးသူမသိန်းသိန်းထွေးအစ်မ မမြင့်သူဇာ – Ph 09774956885

ပြည့်စုံရှင်

Loading...

Facebook Comments