ရေမဆေးကျောက်ရှာသူများနှင့် လက်နက်ကိုင် လုပ်ကွက်လုံခြုံရေးများ ပြဿနာဖြစ်ပွာရာတွင် သေဆုံးသူများရှိနေ

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းသစ်ရွက် ကုမ္မဏီလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူများနှင့် လုပ်ကွက်လုံခြုံ ရေးများ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) တွင် ပြဿနာဖြစ်ပွားရာတွင် သေဆုံး ဒဏ်ရာရသူများရှိကြောင်း သိရသည်။

“ ဖြစ်တာက ညနေသုံးနာရီ ခွဲလောက်က ဖြစ်တာပါ ။ ရေမဆေးသမားတယောက် သေတယ်လို့လဲ ကြားတယ် ၊ ဒဏ်ရာရတယ်လို့လည်းကြားတယ် ခုချိန်ထိတော့ အတည်ပြုချက် မရသေးဘူး ” ဟု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

ရေမဆေးကျောက်ရှာသူများနှင့် ကုမ္ပဏီလုပ်ကွက် လုံခြုံရေးများပြဿနာ ဖြစ်ပွားရာအတွင် သေဆုံးသူ၊ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ အဆောက်အဦးမျာကို မီးရှို့ဖျက်ဆီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဇော်မိုးထက် (ဖားကန့် )

Loading...

Facebook Comments