YBS ယာဉ်လိုင်းပေါ် ခါးပိုက်နှိုက်သူတွေ ဖမ်းဆီးရမိ

YBS ယာဉ်လိုင်းပေါ် ခါးပိုက်နှိုက်သူတွေ ဖမ်းဆီးရမိ
ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရဲတပ်ဖွဲ့ဝင်တွေဟာ ခါးပိုက်နှိုက်ဖမ်းဆီးရေးအတွက် YBS ယာဉ်လိုင်းတွေပေါ်မှာ အသွင်ယူကာ ခါးပိုက်နိုက်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေဟာအသွင်ယူပြီး YBS စီးနင်းကာ လူစည်ကားရာနေရာတွေမှာ စောင့်ကြည့် တာတွေကိုဆောင်ရွက်ခဲ့ရာမှာနိုဝင်ဘာလ ၁၈.ရက်နေ့ ညနေ၅နာရီကျော်က လသာမြို့နယ်၊ မဟာ ဗန္ဓုလလမ်း မောင်ခိုင်မှတ်တိုင်အနီး YBSအမှတ်(၅၇)ယာဉ်ပေါ်မှ ဆင်းလာတဲ့မသင်္ကာသူ တွံတေးမြို့နယ်၊ ထော်တို ကျေးရွာနေ သူတွေဖြစ်တဲ့စောဒေးဗစ်(၃၂)နှစ်နဲ့ဝေမာအေး(၃၂)နှစ် တို့ကို ခေါ်ယူမေးမြန်းခဲ့ရာ စောဒေး ဗစ်လက်ထဲမှ Oppo အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး တွေ့ရှိတာကြောင့်စစ်ဆေးရာမှာ အမှတ်(၅၇) ယာဉ် လိုင်းပေါ်ပါ အမျိုးသား(၁)ဦးထံမှစောဒေးဗစ် နှိုက်ယူနေစဉ် အတူပါသူဝေမာအေး ကလူကာပေးပြီး နှိုက်ခဲ့ တဲ့ဖုန်းဖြစ်နေတယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီစစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူ စောဒေး ဗစ်နဲ့ ဝေမာအေး တို့ဆီမှ သက်သေခံပစ္စည်းကို သိမ်းဆည်း ခဲ့ပြီးဥပဒေနဲ့အညီ ဆက်လက်အရေး ယူဆောင် ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရဲ့ာသတင်းအရသိရပါတယ်။

Credit : Channel B Media Group

Loading...

Facebook Comments