လှိုင်သာယာမြို့နယ်-ညောင်ရွာကျေးရွာတွင် အမျိုးသမီး တစ်ဦးအား အမျိုးသား(၂)ဦးမှသားမယားအဖြစ်ပြုကျင့်

၁၉.၁၁.၂၀၁၈
တင်နိုင်ထွန်း (လှိုင်သာယာ)

၁၅.၁၁.၂၀၁၈ ရက်နေ့ ၁၉:၄၀ အချိန်ခန့်က လှိုင်သာယာမြို့နယ် ညောင်ရွာကျေးရွာတွင် အမျိုးသမီးတစ်ဦးအား အမျိုးသား(၂)ဦးမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၅.၁၁.၂၀၁၈ ရက်နေ့ ၁၉:၄၀ အချိန်ခန့်က မ——-သည် ညောင်ရွာ မေတ္တာလမ်းရှိ အမဖြစ်သူအထည်ဆိုင်တွင် ဈေးဝိုင်းကူရောင်းပြီး နေအိမ်သို့ တစ်ဦးတည်းလမ်းလျှောက်ပြန်လာစဉ် ညောင်ရွာလမ်းမအရောက် တစ်ရွာတည်းနေ ငမိုး(၂၇)နှစ်မှ နောက်မှလိုက်လာပြီး စကားပြောချင်ကြောင်း လိုက်ခဲ့ရန်ပြောဆိုကာ လက်ဆွဲ ခေါ်သဖြင့် လိုက်ပါခဲ့စဉ် တစ်ရွာတည်းနေ
ခင်မောင်လင်း(၂၂)နှစ်မှာလည်း ဆိုက္ကားဖြင့် နင်းသွား
သည်ကိုတွေ့မြင်လိုက်ရပြီး မောင်ကြာသီးလမ်းထိပ်ရှိ အမှိုက်ပုံနားအရောက် ခင်မောင်လင်း(၂၂)နှစ်မှာ ၎င်း ၏ဆိုက္ကားပေါ်တွင် ထိုင်စောင့်နေသည်ကိုတွေ့ရပြီး အမှိုက်ပုံ အရောက် ငမိုး(၂၇)နှစ်မှ မ——-အား အနီးရှိ သဲပုံပေါ်သို့တွန်းလှဲကာ သားမယားအဖြစ်(၁၅)မိနစ်ခန့် (၁)ကြိမ် ပြုကျင့်နေစဉ် ခင်မောင်လင်းမှာထိုင်ကြည့်နေ ကြောင်း ငမိုးမှသားမယားအဖြစ်ပြု့ကျင့်ပြီးသည့်အခါ ၎င်းမှ ခင်မောင်လင်း၏ဦးလေးအိမ်သွားမည်လိုက်ခဲ့ဟု အတင်းလက်ဆွဲခေါ်သဖြင့် လိုက်ပါခဲ့ရာ ခင်မောင်လင်း မှာ ဆိုက္ကားဖြင့် တစ်ဦးတည်းရှေ့မှနင်းသွားပြီး ဦးရွှေဘင် လမ်းအရောက် ကုလားဂိုဒေါင်အနီး ရေမြောင်းနားတွင် ခင်မောင်လင်းမှစောင့်နေပြီး ထိုရေမြောင်းအနီးချုံပုတ် ထဲတွင် ငမိုးမှ တွန်းလှဲကာ ထပ်မံအလိုမတူပဲ (၂၀)မိနစ် ခန့် (၁)ကြိမ် သားမယားအဖြစ်ပြုကျင့်ပြီးနောက် ခင်မောင်လင်းမှ ငမိုးအား ရေသန့်ဗူးသွားဝယ်ဟု
ပြောဆိုသဖြင့် ငမိုး ဆိုက္ကားဖြင့် ရေသန့်ဗူးသွားဝယ်စဉ် ခင်မောင် လင်းမှ မ——–အား အလိုမတူပဲ (၁၀)မိနစ်ခန့် (၁)ကြိမ် ခဏအကြာ ထပ်မံ၍(၁)ကြိမ် သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် အရေးယူပေးပါရန် မ——မှ တိုင်တန်ခဲ့ကြောင်း သိရသည်။

တရားလိုမ——–မှ မိမိအား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ ငမိုး(၂၇)နှစ်-ကျဘမ်း-မ/မရှိ/ကျူး- မေတ္တာလမ်း-ညောင်ရွာ-လှိုင်သာယာမြို့နယ် နေသူနှင့် ခင်မောင်လင်း(၂၂)နှစ်-ကျဘမ်း-မ/မရှိ/ကျူး ဆိပ်ကမ်းသာလမ်း-ညောင်ရွာ-လှိုင်သာယာမြို့နယ်နေ သူ(၂)ဦးအား ဥပဒေအရအရေးယူပေးပါရန် တိုင်တန်သဖြင့် လှိုင်သာယာမြို့မရဲစခန်းမှ ၎င်းတို့(၂)ဦး အား ပ/၄၂၉၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် ဖမ်း ဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tin Naing Tun
Cp#စသ

Loading...

Facebook Comments