ပန်းစည်းနဲ့ ပြန်ပေါက်မိတဲ့အပေါ် နီလန်းရဲ့ ဖြေရှင်းချက်

Myanmar Idol Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော်မလေး နီလန်းဟာ ယခုအချိန်မှာတော့ ဂီတလောကမှာ နေရာတစ်နေရာရရှိဖို့ ကြိုးစားနေပြီး ဖျော်ဖြေပွဲတွေများစွာကိုလည်း သီဆိုနေရပါတယ်။ နီလန်းဟာ မလေးရှားနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ CYO Malaysia Show ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့အပြုအမူကို သူမသည်းမခံနိုင်တာကြာင့် စိတ်မထိန်းနိုင်ဖြစ်ပြီး ပန်းစည်းနဲ့ ပြန်လည်ပြစ်ပေါက်ခဲ့တာနဲ့ ပတ်သတ်ပြီး သူမဘက်က ပြန်လည်ဖြေရှင်းလာပါပြီ။

သူမ ကြုံရတဲ့ အဖြစ်အပျက်ကို “ နီလန်းကြုံတွေခဲ့ရတဲ့ကိစ္စကတော့ တော်တော်ဂရက်ထသွားတယ်ပေါ့နော်။ လုံးဝထင်မထားဘူးအဲ့အဖြစ်ပျက်ကတော့ သီချင်းဆိုနေတဲ့အချိန်မှာ ပန်းနဲ့လာပေါက်ကြတယ် လာပေါက်တယ်ဆိုတာကလည်း ချစ်လို့ပေါက်တဲ့သူရှိသလို မကျေနပ်လို့မုန်းလို့ကြည့်မရလို့ပေါက်တဲ့သူတွေလည်းရှိတယ်ပေါ့နော် တစ်ခြားအဆိုတော်တွေသီချင်းဆိုနေတဲ့အချိန်မှာကြတော့အပေါ်တတ်ခွင့်ရတယ် နီလန်းကချေတယ် မာနကြီးတယ်လို့ထင်နေတဲ့သူတွေလည်းရှိမယ်ပေါ့နော်။”

“သူတို့ကအပေါ်တတ်ချင်တာ အပေါ်တတ်ပြီးတော့ ပန်းတွေပေး ဓါတ်ပုံတွေဘာတွေရိုက် အဲ့လိုမျိုးသူတို့ကလိုချင်တယ်ပေါ့နော်။သူတို့က စစချင်းနီလန်းကိုပေါက်တယ် တတ်လာတဲ့ Video ကဟာကနောက်ဆုံးတတိယအကြိမ်ပေါက်တာ။ နီလန်းလဲအရမ်းစိတ်မြန်တယ်ပေါ့နော် စိတ်မြန်ပြီးတော့နီလန်းလဲပြန်ပေါက်လိုက်တယ် နီလန်းတောင်ကိုယ့်ကိုကိုယ်လန့်တယ် တော်ရုံနဲ့ဆိုမပေါက်ကွဲတတ်ဖူး ဒါပေမဲ့ ၃ ကြိမ်မြောက်ဆိုတော့ နီလန်းလည်းစိတ်ထဲမှာခုသွားတာပေါ့နော် စိတ်ဆိုးတာလည်းပါတယ် အားငယ်တာလဲပါတယ် လာနှိမ်တာလား အဲ့လိုမျိုး ဒါပေမဲ့အမှန်တကယ်တော့နီလန်းလည်း အကုန်လုံးမှန်တယ်လို့မပြောပါဘူး”

“သူတို့လာပေါက်ပြီးတော့ မိုက်ထားပြီးပြန်ဆင်းသွားပြီး မဆိုတော့ပဲနဲ့ဆင်းလို့လဲရပါတယ်။ ဒါပေမဲ့လာပေါက်တဲ့သူတစ်ယောက်ကြောင့် အကုန်လုံးကကြည့်နေကြတော့ လက်မှတ်ကိုလဲဈေးကြီးပေးပြီးဝယ်ထားကြရတာဆိုတော့ နီလန်းဘက်ကလည်း လေးစားတယ် ဖျော်ဖြေချင်တယ် ပြီးတဲ့အထိ နီလန်းကိုအားပေးပြီးတော့လာကြည့်တာဖြစ်တဲ့အတွက် အဆုံးထိချောချောမွေ့မွေ့လေးပြီးစေချင်တဲ့အတွက် စိတ်ကတော့ထိန်းမရဖြစ်သွားတယ်ပေါ့နော် အဲ့တာနဲ့ပြန်ပေါက်လိုက်တာ” လို့ ပြောခဲ့ပါတယ်။

အဲ့ဒီနောက် သူမကို ပရိသတ်တွေနားလည်မှုလွဲသွားတဲ့ အကြောင်းကိုလဲ “တစ်ခုနားလည်မှုလွဲသွားတာကတော့တင်တဲ့သူကဖျက်ပြီးတော့တင်တာ အောက်ကနေနီလန်းကိုလာပေါက်တဲ့သူကိုမတင်ပဲနဲ့ နီလန်းပြန်ပေါက်တဲ့ဟာကိုပဲတင်တော့ နားမလည်တဲ့သူတွေအတွက်ကျတော့ ဂယက်ထသွားတာပေါ့နော်။ ပြောကြတယ်ဆိုကြတယ် ရိုင်းသွားတယ်ဖြစ်သွားတယ်ဆိုရင်လည်းပရိသတ်ကြီးကိုတောင်းပန်ပါတယ် အဲ့တုန်းကရည်ရွယ်ချက်ကြီးကြီးနဲ့လုပ်တာတော့မဟုတ်ဖူး ၃ ကြိမ်မြောက်ဆိုတော့ နီလန်းကလည်းစိတ်မထိန်းနိုင်ပြီးမစာနာတာလားဆိုပြီးစိတ်မထိန်းနိုင်ပဲပြန်ပေါက်မိတာပေါ့နော် လာပေါက်တဲ့သူကမူးတဲ့သူပရိသတ်ပဲပေါ့နော် တစ်ချို့ကလည်းမူးတဲ့ သူကပိုမှန်တယ်ပြောတဲ့သူတွေလည်းရှိတယ်။ လူဆိုတာလူအမျိုးမျိုးစိတ်အထွေထွေပေါ့ပြောလို့ရပါတယ်”

” ဒါပေမဲ့အကြောင်းစုံကိုသိပြီးတော့ကိုယ်ချင်းစာတရားလေးနဲ့ နားလည်ပေးရင်ပိုအဆင်ပြေတာပေါ့နော် နောက်ဆိုနီလန်းလည်းဆင်ခြင်ပါ့မယ်လို့ ရှေ့မှာ ဥပမာယူမဲ့ Idol တွေလည်းအများကြီးရှိတယ်ပေါ့နော် အဲ့ချိန်မှာနီလန်းစိတ်ကမြန်သွားလို့ဖြစ်သွားတာပါ ပရိသတ်စိတ်ထဲမှာတစ်ခုခုဖြစ်သွားရင် နီလန်းဒီကနေပဲတောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။ နီလန်းလည်းမှားသလို ပေါက်တဲ့သူလည်းမှားတယ်ပေါ့နော် နီလန်းတစ်ယောက်တည်းမှားတယ်လို့တော့တစ်ဖက်တည်းမတွေးစေချင်ဘူး ဒါပေမဲ့ခုကကျတော့ လုံးဝနီလန်းပဲမှားတယ်လို့ပြောနေတဲ့အပေါ်မှာတော့တရားမျှတမှုမရှိဘူးလို့တော့ထင်တယ်ပေါ့နော်။ ”

“ဝေဖန်မှုကတော့အနည်းနဲ့အများပေါ့နော် တော်တော်ဝေဖန်ကြတယ် အရှေ့မှာမနီနီခင်ဇော်တို့ ကိုစိုင်းစိုင်းတို့ပေါ့နော် အဲ့လိုကြုံတွေ့တဲ့သူတွေအများကြီးပါ သူတို့ကတော့ဘာမှမတုံ့ပြန်ဘူးလို့ပြောတဲ့သူတွေအများကြီးရှိတယ်။ အကောင်းဆုံးကတော့ပြန်မတုံ့ပြန်ရင်တော့အကောင်းဆုံးပဲပေါ့။လာပေါက်တဲ့ပုံစံကလည်းနီလန်းကိုဘာမှမထင်ဘူးပုံစံနဲ့မျက်နှာကိုလာထိသွားတော့ ဒေါသထွက်ပြီး လက်ထဲကိုင်တဲ့ဟာနဲ့ပြန်ပေါက်လိုက်တယ်ပေါ့နော်။နောက်ဆိုရင်နီလန်းလည်းရှေ့က Idol တွေဘယ်လိုတုံ့ပြန်လဲဆိုတာလေ့လာစရာဖြစ်သွားတာပေါ့။ နီလန်းဆိုရင် ဘာသာစကားကအခက်ခဲရှိသလို အပြောဆိုသိပ်မတတ်ဖူးဆိုတော့ ဒီလိုပြန်မပေါက်ပဲနဲ့စကားနဲ့ပဲပြန်တုံ့ပြန်ရမယ်ဆိုတာ အရမ်းလည်းစိတ်မြန်သွားတော့နီလန်းမှာတွေးတဲ့အချိန်လည်းမရှိခဲ့ဘူး။ ဝေဖန်မှုအပေါ်မှာကျေးဇူးလည်းတင်ပါတယ်။နောက်လာမဲ့ပွဲတွေမှာနီလန်းထပ်ပြီးတော့အတုယူလို့ရတာပေါ့။ အဲ့ဝေဖန်မှုတွေလည်းခံနိုင်ပါတယ်။” လို့ တရားမျှတစွာ တွေးပေးကြဖို့နဲ့ သူမအနေနဲ့ နောက်ပိုင်း ဒီလိုမလုပ်မိအောင် သတိထားပြီး ဆင်ခြင်သွားမယ့်အကြောင်းလေးတွေကို ပေါ်ပြူလာဂျာနယ်ရဲ့ အင်တာဗျူးမှာဖြေဆိုခဲ့တာဖြစ်ပါတယ်။

နီလန်းဟာ တိုင်းရင်းသူဖြစ်သလို စိတ်မြန်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါကို ပရိသတ်တွေကလဲ ဖြစ်စဉ်အစအဆုံးကို မကြည့်လိုက်ရတာကြောင့် ဝေဖန်မှုတွေ မြန်သွားကြတာလဲ ဖြစ်ပါတယ်။ သူမကို နားလည်ပေးနိုင်ကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှု့ပေးကြတဲ့ မိုမိုလေးချစ်ပရိသတ်ကြီးကျေးဇူးပါနော်။

Source – popularjournal

Loading...

Facebook Comments