ဒရုန်း (Drone) ကို အသုံးပြုပြီး စက်ဘီးခိုးယူမှု ချက်သမ္မတနိုင်ငံမှာ ဖြစ်ပွာ

ဒရုန်း (Drone) ကို အသုံးပြုပြီး စက်ဘီးခိုးယူမှု ချက်သမ္မတနိုင်ငံမှာ ဖြစ်ပွား

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်တုန်းက ချက်သမ္မတနိုင်ငံက ဟူစတုတ်ပ် (Hustopece) ဆိုတဲ့ နယ်မြို့လေးမှာ ဒရုန်း (Drone) ကို အသုံးပြုပြီး စက်ဘီးခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီခိုးယူမှု ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က Youtube မှာ ထွက်ပေါ်လာခဲ့တာပါ။

“ကျွန်တော်တို့ သူငယ်ချင်းတွေ မျှော်စင်ပေါ်တက်ပြီး ဟူစတုတ်ပ်ရဲ့ ရှုခင်းတွေကို ကြည့်နေတုန်းမှာ ဒရုန်းတစ်ခုက ကျွန်တော်တို့ စက်ဘီးတစ်စီးကို ခိုးယူနေတာကို တွေ့ခဲ့တာပါ” လို့ ဗီဒီယိုဖိုင်တင်ခဲ့တဲ့ သူက ပြောပြခဲ့ပါတယ်။ သူတို့ဟာ စက်ဘီးတွေကို မျှော်စင်အောက်မှာ ရပ်ထားခဲ့ပြီး မျှော်စင်ပေါ်မှာ အနားယူနေချိန် အခုလိုခိုးယူနေတာကို တွေ့ရှိခဲ့လို့ သက်သေအဖြစ် ဗီဒီယို မှတ်တမ်းတင်ရိုက်ကူးထားခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဟာ ခပ်သေးသေး အရွယ်အစားသာဖြစ်ပြီး ဖြစ်နိုင်ချေအရ အလေးချိန် ၁၀ ပေါင်လောက်ကိုသာ မ နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ပေါ့ပါးစွာစီးနင်းနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ စက်ဘီးက ပိုပြီး ပေါ့နေတာကြောင့် အခုလို သယ်ဆောင်သွားနိုင်တာလို့ ဆိုပါတယ်။

ဒရုန်းဟာ အကွာအဝေး အနည်းငယ်လောက်ထိ ပျံသန်းအပြီးမှာ စက်ဘီးကို ပြန်လွှတ်ချခဲ့ကာ ကွယ်ပျောက်သွားတယ်လို့ ကာယကံရှင်က ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုပြီး တချို့ကလည်း ဒါဟာအစစ်အမှန်မဟုတ်နိုင်ဘဲ နာမည်ကြီးအောင် လုပ်ကြံဇာတ်လမ်းထွင်တာလို့ အငြင်းပွားနေကြပါတယ်။

Ref: futurism.com “Watch a drone steal a bicycle”
Cj (ရိုးရာလေး)

Loading...

Facebook Comments